Thursday, August 07, 2014

e-Government စီမံကိန်းအတွက် ဘတ်ဂျက်သတ်မှတ်မည်


မြန်မာနိုင်ငံတွင် ဆက်လက်အကောင်အထည်ဖော်မည့် e-Government စီမံကိန်း၌ သုံးစွဲမည့် ဘတ်ဂျက် ပမာဏကို သြဂုတ်လတွင် သတ်မှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ e-Government လုပ်ငန်းကို နိုင်ငံတော်အစိုးရအနေဖြင့် လုပ်ကိုင်ခဲ့သည်မှာ ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး မအောင်မြင်သေးသဖြင့် လက်ရှိတွင် e-Government နှင့် ပတ်သက်သည့် လပေါင်း ၂၀ စီမံကိန်းကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦး ကပြောသည်။

အဆိုပါစီမံကိန်းများအတွက် လာမည့်သြဂုတ်လတွင် အစိုးရက ဘတ်ဂျက် သတ်မှတ်ပေးမည်ဖြစ်ပြီး e-Government စီမံကိန်းများအတွက် တင်ဒါခေါ်ယူသွားမည်ဖြစ်ရာ ပါဝင်လုပ်ကိုင်လိုသည့် ကုမ္ပဏီငယ် များအနေဖြင့် ပြင်ဆင်ထားရန် လိုအပ်ကြောင်း သိရသည်။

ကုမ္ပဏီငယ်လေးများအနေဖြင့် ပူးပေါင်းလုပ်ကိုင်မည့်သူများ ရှာဖွေထားပြီး တင်ဒါခေါ်ယူရာတွင် ၀င်ရောက်ယှဉ်ပြိုင်၍ e-Government လုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်စေလိုကြောင်း ဦးဇော်မင်းဦးကပြော သည်။

လက်ရှိတွင် e-Government လုပ်ငန်းများအတွက် ပြည်ပအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်း၍ Master Plan ရေးဆွဲလျက်ရှိပြီး တစ်နှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော်လုပ်ဆောင်ရန် သမ္မတဦးသိန်းစိန် က ၂၀၁၃ ခုနှစ် သြဂုတ်က ပြောကြားခဲ့သော်လည်း လက်ရှိတိုင် အကောင်အထည် မဖော်နိုင်သေးခြင်း ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ချုပ်က ကောက်ယူလျက်ရှိသည့် ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် e-Government လုပ်ငန်း အကောင်အထည်ဖော်မှု အခြေအနေ စစ်တမ်း၌ နိုင်ငံတကာအဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် အဆင့် ၁၇၅ တွင် ရောက်ရှိနေပြီး ကိုးနှစ်အတွင်း (၄၆)ဆင့် ကျဆင်းလာကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List