Thursday, August 07, 2014

မွေးနေ့မှာ Fun Group များနှင့် အလှူလုပ်မည့် ဝတ်မှုန်ရွှေရည်






သြဂုတ် ၁ဝရက်တွင် ကျရောက်မည့် မွေးနေ့၌ သရုပ်ဆောင် ဝတ်မှုံရွှေရည်သည် ၎င်း၏ We LOVE Wutt Hmone Shwe Yi (Kit Kit) FUN GROUP များနှင့်အတူ အလှူဒါန ပြုလုပ်မည်ဟု မဇ္စျိမကိုပြောသည်။

" ကစ်ရဲ့မွေးနေ့မှာ ကစ်ချစ်တဲ့ ၊ကစ်ကို ချစ်ကြတဲ့ ပရိသတ်ကြီးကို ရည်စူးပြီး လှူဒါန်းမှာပါ။ ကစ်ရဲ့ မွေးနေ့အတွက် ပရိသတ်တွေ နဲ့ အတူ အမှတ်တရ အလှူ လုပ်တာပါ။ ကစ်ရဲ့ အဝေးက ပရိသတ်တွေ ကလည်း မလာနိုင်ပေမယ့် အလှူမှာ ပါဝင်လှူဒါန်းကြ ပါတယ်။ ကစ်ကို အားပေးပြီး ချစ်ကြ တာကို တွေ့ရလို့ဝမ်းသာ မိပါတယ်"ဟု ၎င်းကပြောသည်။

သရုပ်ဆောင် ဝတ်မှုန်ရွှေရည် သည် We Love Wutt Hmone Shwe Yi (Kit Kit)Fun Group များနှင့် အတူ ၊ခြောက်မိုင်ခွဲရှိ လူမှုဖူလုံရေး ကျောင်းတွင် တစ်နေ့တာ စားသောက် ခြင်း၊ ထောက်ပံ့ ငွေကြေး များနှင့် အသုံးဆောင် ပစ္စည်း များကို သွားရောက် လှူ ဒါန်း ကြမည် ဖြစ်သည်။ ယင်းနေ့လှူ ဒါန်းမှုသည် ၎င်း ပရိသတ်များနှင့် We Love Wutt Hmone ShweYi (KitKit ) FunGroup များ က ဝတ်မှုန်ရွှေရည် ပုံကို ရိုက်နှိပ် ထားသည့် လက်ကိုင်ခွက်များနှင့် အခြား ပစ္စည်း များကိုလည်း စုစည်းကာ လှူဒါန်းကြသည်။

We Love Wutt Hmone ShweYi (KitKit) FunGroup များထဲမှ လှူဒါန်းချင်ပါက ဖုန်း ဝ၉၄ဝ၂၅၇၃၅၁၂သို့ ဆက်သွယ် လှူဒါန်းနိုင်သည်ဟု ပြောသည်။

သရုပ်ဆောင် ဝတ်မှုန်ရွှေရည်သည် ဇာတ်ကောင် စရိုက်များစွာကို သရုပ်ဆောင်လျက်ရှိပြီး လတ်တလော တွင် အနုပညာ အလုပ်များသည် စိပ်လျက်ရှိသည်။ ၎င်းပါဝင် သရုပ်ဆောင် ထားသည့် ဇာတ်ကားများ ဖြစ်သည့် "နင်စေရင်"၊ အလန်းဇယား၂ ရုပ်ရှင် ဇာတ်ကားများသည် ၂ဝ၁၃ခုနှစ် အကယ်ဒမီ စာရင်းတွင် ပါဝင်လျက် ရှိပြီး "နင်စေရင်"ဇာတ်ကားသည် အကယ်ဒမီ ရရှိမည်ဟု ခန့်မှန်းပြောဆိုလျက် ရှိသည် ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List