Tuesday, August 05, 2014

ပရိသတ်ရွေးပေးတဲ့ ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်မယ့် ဝတ်မှုံရွှေရည်


ပရိသတ်များက ရွေးချယ်ပေးသော ဇာတ်ရုပ်များနှင့် ဇာတ်ကားများရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ဝတ်မှုံရွှေရည် က ပြောသည်။ ‘‘ကစ်တစ်ယောက်တည်း ရွေးတာကျတော့ ကစ်အကြိုက် တွေပဲဖြစ်ရင်ဖြစ်နေ မှာ။ တစ်ခါတလေကျတော့ ကစ်တစ်ယောက် တည်းရွေးတာထက် ပရိသတ်တွေ ရိုက်စေချင်တဲ့ ကားလေးတွေ ရိုက်ကြည့်ချင်တယ်။ အဲဒါကြောင့် ပရိ သတ်တွေကိုရွေးခိုင်းခဲ့တာပါ’’ဟု ဝတ်မှုံရွှေရည်က ပြောသည်။

ထို့ကြောင့် ပရိသတ်များက ၎င်းအတွက် ဇာတ်လမ်းများရွေး ချယ်ပေးထားရာ ယင်းဇာတ်လမ်းများအနက် ရိုက်ကူး၍ အဆင်ပြေနိုင်မည့်ဇာတ်လမ်းများကို ရိုက်ကူး သွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

‘‘ဘယ်နှကားရိုက်မယ်ဆိုပြီး စဉ်းစားထားတာတော့  မရှိသေး ဘူး။ အရင်ဆုံးဇာတ်လမ်းတွေကို အရင် ဖတ်ကြည့်ရဦးမယ်’’ဟု ဝတ်မှုံရွှေရည်က ပြောသည်။

ယင်းအစီအစဉ်ကို ၎င်း၏ ပရိသတ်များစုစည်းကာ တည် ထောင်ထားသော We Love Wutt Hmone Shwe Yi (kit kit)Fan Page တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့သည်။ ၎င်းအတွက် မိသားစုကဲ့သို့ နွေးထွေးသည့် ခံစားမှု ပေးနိုင်သောအဖွဲ့ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဩဂုတ် ၁၀ ရက်တွင် ကျ ရောက်မည့် မွေးနေ့တွင်လည်း ဝတ်မှုံရွှေရည်က We Love Wutt Hmone Shwe Yi (kit kit)အဖွဲ့ နှင့်အတူ    မွေးနေ့အလှူတစ်ခု ပြုလုပ်သွားမည်ဖြစ်သည်။

7Day News Journa

No comments:

Post a Comment

My Blog List