Thursday, August 07, 2014

ကမ္ဘာတစ်ဝန်းတွင် ရုတ်တရက်နှင့် နာတာရှည် အသည်းရောဂါများကြောင့် နှစ်စဉ် ၁ ဒသမ ၄ သန်းခန့် သေဆုံးနေပြီး အိတ်ခ်ျအိုင်ဗွီနှင့် ဘီပိုး၊ စီပိုးရောဂါ တွဲဖက်ဖြစ်ပွားသူမှာ ကိုးသန်းခန့်ရှိ


ကမ္ဘာတစ်ဝန်းတွင် အသည်းရောင် အသားဝါရောဂါအုပ်စုဝင် အေ၊ ဘီ၊ စီ၊ ဒီနှင့် အီး ဗိုင်းရပ်စ်ပိုးများကြောင့် ရုတ်တရက်နှင့် နာတာရှည် အသည်းရောဂါများဖြစ်ပွားကာ နှစ်စဉ်လူဦးရေ ၁ ဒသမ ၄ သန်းခန့် သေဆုံးနေ ရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

“ဒီနှစ်ပိုင်းတွေမှာအသည်းနဲ့ ဆက်နွယ်တဲ့ ရောဂါတွေက တော်တော်ကြီးကို လျစ်လျူ ရှုခံနေရပါတယ်။ ဒါပေမဲ့အခုကစပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အရှိန်အဟုန် နဲ့ဒီရောဂါကို ကိုင်တွယ်ဖို့စတင်နေပါပြီ” ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ အထွေထွေ ညွှန်ကြားရေးမှူး ဒေါက်တာမာဂရက်ချန်က ဆိုသည်။

အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ရောဂါများအနက် ဘီပိုးနှင့်စီပိုးသည် ကူးစက်လွယ်ရောဂါ အမျိုးအစား များဖြစ်ပြီး သွေး၊ ချွေးနှင့် ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်တစ်ခုခုနှင့် ထိတွေ့လျှင်ပင် ကူးစက်နိုင်ကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံတွင်လူ ၁ဝ ဦးတွင် တစ်ဦးနှုန်း အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံနေရကြောင်းနှင့် စီပိုးဖြစ်ပွားမှုနှုန်းမှာ လေးရာခိုင်နှုန်းခန့် ရှိနေကြောင်း သုတေသနစာတမ်းများ အရ သိရသည်။

အသည်းရောင်အသားဝါ စီပိုးသည် ဘီပိုးထက်ကူးစက်ခံရနိုင်မှုနှုန်း ပိုမိုနည်းပါးသည်ဟု ဆိုနိုင်သော်လည်း မကုသဘဲထားပါက အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်ပြီးလူနာ အများစုမှာ ရောဂါရှိမှန်းမသိဘဲ မကုသဘဲထား ကြသည့်အတွက် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားလာ မှသာ သိကြသည့်အတွက် သာ မန်လူများ အနေဖြင့်လည်း ကြိုတင်သိရှိနိုင် ရန် ဘီပိုး၊ စီပိုးစစ်ဆေးကြရန်လို အပ်ကြောင်း ဆရာဝန်ကြီးများက အကြံပြုထားသည်။

အသည်းရောင်အသားဝါ ဘီပိုးသည် အိတ်ခ်ျအိုင်ဗွီပိုးနှင့် ကူစက်ခံရမှုပုံစံချင်းတူ ညီသော်လည်း ကူးစက်ခံ ရနိုင်မှုမှာ အိတ်ခ်ျ အိုင်ဗွီထက် အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံရမှုမှာ အဆငါးဆယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထား သည်။

အိတ်ခ်ျအိုင်ဗွီကူးစက်ခံနေရသူ အများ စုသည်အသည်းရောင်အသားဝါရောဂါများ ပါ ကူးစက်ခံရနိုင်ဖို့ အန္တရာယ်ရှိသည့်အုပ်စု များတွင်ရှိနေပြီး ခန့်မှန်းခြေ တွက်ချက်မှု တွေအရ ၄ ဒသမ ၅ သန်းသော လူတွေ ဟာ အိတ်ခ်ျအိုင်ဗွီနဲ့ အသည်းရောင် အသားဝါဘီပိုးကို တွဲဖက်ခံစားနေရကြောင်းနှင့် နောက် ထပ် ၄ ဒသမ ၅ သန်းခန့်သည် အိတ်ခ်ျအိုင်ဗွီ နဲ့ အသည်းရောင်အသားဝါစီပိုးကို တွဲဖက်ခံစားနေရသူများဖြစ်ကြောင်း သိရသည်။

ယခုနှစ်ဧပြီလအတွင်းက ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် အသည်းရောင် အသားဝါစီ ရောဂါပိုးကုသမှု၊ စစ်ဆေးမှုလုပ်ငန်းစဉ် များအတွက် လမ်းညွှန် ချက်အသစ်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအခါ အသည်းရောင် အသားဝါ ဘီပိုးအတွက် လမ်းညွှန်ချက်အသစ် တစ်ရပ်ကို အကောင်အထည် ဖော်နေကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List