နိုင်ဂျီးရီးယားစစ်တပ်နှင့် ၎င်းအား ကူညီနေသည့် ပြည်သူ့စစ်အဖွဲ့များအနေဖြင့် နိုင်ငံအရှေ့ မြောက်ပိုင်း၌ ဘိုကာဟာရမ်သူပုန်များအား တိုက်ခိုက်ရာတွင် လူ့အခွင့်ရေးချိုးဖောက်မှု အများအပြား လုပ်ဆောင်နေ ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သြဂုတ် ၅ ရက်တွင် ပြောကြား လိုက်သည်။
အထောက်အထားရရှိထားသည့် ဗီဒီယိုမှတ်တမ်းများ၊ ဓာတ်ပုံများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက် အရ နိုင်ဂျီးရီးယားအစိုးရတပ်ဖွဲ့များအနေဖြင့် အစွန်းရောက်သူပုန်အဖွဲ့အား တိုက်ခိုက် ရာတွင် ဥပဒေနှင့် မလျော်ညီဘဲ သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုများ လုပ် ဆောင်နေကြောင်း သိရသည်။
နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များနှင့် အစိုးရက ထောက်ပံ့ထားသည့် အရပ်ဘက်ပူးပေါင်းတပ်ဖွဲ့(CJTF)မှ တပ်ဖွဲ့ဝင် များက ဖမ်းဆီးထားသည့် သူပုန်များအား တစ်ဦးချင်းစီအား ရက်စက်စွာသတ်ဖြတ်ပြီး အစု လိုက်အပြုံလိုက် မြေမြှုပ်လိုက်သည့် မှတ်တမ်းဗီဒီယိုများ ထွက်ပေါ်လာခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဆာလေရှက်တီက “မျက်မြင် သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ အခုထွက်ပေါ်လာတဲ့ ပုံတွေအရ နိုင်ဂျီးရီးယားစစ်တပ်နဲ့ CJTF တို့ဟာ လူမဆန်စွာ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ တွေ့ရှိရပါတယ်” ဟု ပြောသည်။
အစိုးရတပ်ဖွဲ့များနှင့် ဘိုကိုဟာရမ်သူပုန်များအကြား ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ သေ ဆုံးသူ ၄၀၀၀ ကျော်သွားခဲ့ရာတွင် ၆၀၀ ကျော်မှာ ဥပဒေမဲ့ စီရင်သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဘိုကိုဟာရမ်သူပုန်များသည် နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျောင်းဆောင်တစ်ခု မှ ကျောင်းသူ ၂၀၀ ကျော်ကို ဧပြီလအတွင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
Ref:AFP
Mizzima - News in Burmese
No comments:
Post a Comment