Monday, August 04, 2014

ချူလာလောင်ကွန်တက္ကသိုလ်ကျောင်းသူတစ်ဦး၏ ကားကို ထိုင်းရဲများက မှားယွင်း ပစ်ခတ်



ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှ ဥပဒေအထူးပြု ကျောင်းသူတစ်ဦး၏ ကားကို မူးယစ်အထူးတပ်ဖွဲ့မှ ရဲများက မြို့တော် ဘန်ကောက်တွင် မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သြဂုတ် ၂ ရက်က ရဲအရာရှိသုံးဦးသည် မူးယစ်ဆေးဝါးမှုဖြင့် သံသယရှိသူ တစ်ဦး၏ ကားနောက်သို့ လိုက်ခဲ့သော်လည်း အသက် ၂၁ အ ရွယ် ကျောင်းသူ အပီဆာဒါ ဆာဂျာပန်နော့၏ ကားနောက်သို့ မှား ယွင်း လိုက်သွားခဲ့သည်။
ရန်ခန်ဟာအန် လမ်းဆုံးသို့အရောက်တွင် အမှတ်အသားမပါသည့် ရဲပစ်ကပ် ကားတစ်စီးအတွင်းမှ အရပ်ဝတ်ဖြင့် လူသုံးဦးထွက်လာပြီး အပီဆာဒါ၏ ကားကို ၀ိုင်းခဲ့သောကြောင့် သူမက ကားကို နောက် ပြန်လှည့် မောင်းနှင်ခဲ့ရာ မာစီဒီးကားတစ်စီးနှင့် တိုက်မိခဲ့သည်။

ရဲများက သူမ၏ကားမှ တာယာများကို သေနတ်ဖြင့် ပစ်သောကြောင့် အရှိန်မြှင့်ဆက်လက်မောင်းနှင်ခဲ့ ရာ အခြားကားများကို တိုက်မိပြီး ရပ် သွားခဲ့သည်။ ရဲများက သူမ၏ကားအား ရှာဖွေရာတွင် မူးယစ်ဆေးဝါးမတွေ့ရဘဲ သူမ၏ ဆွေမျိုးများ ရောက်လာစဉ် ရဲများ ထွက်ပြေး သွားခဲ့သည်။

အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲချုပ်ကြီး အာကေအန်ဆာနာနွန့်က မိမိ၏ တပ်ဖွဲ့ဝင်များက မှားယွင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သောကြောင့် စုံစမ်းမှုများ ပြုလုပ်ကာ အရေးယူသွားမည်ဟု ပြောကြားသည်။

မှားယွင်းပစ်ခတ်မှု ပြုလုပ်ခဲ့သည့် ရဲအရာရှိ သုံးဦးကိုလည်း ရဲစခန်းတာဝန်များကိုသာ ဆောင်ရွက်ရန် တာဝန်လျော့ချ လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်ကြီး ပွန်ဆာပတ်ပွန်ချာရွန် က ပြောကြားသည်။

အဆိုပါ ကျောင်းသူ၏ မိသားစုက လျော်ကြေးမတောင်းခဲ့သော်လည်း အပျက်အစီးများအတွက် ကုန်ကျစရိတ်ကို ရဲတပ်ဖွဲ့ က ပေးသွားမည်ဟု သိရသည်။

Ref:Bangkok Post
Mizzima - News in Burmese

No comments:

Post a Comment

My Blog List