Tuesday, August 05, 2014

ကိစ္စတစ်ခုတည်းကို လက်မှတ် ၅သန်းလောက်နဲ့ ထောက်ခံတာ နည်းသလား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တစ်နိုင်ငံလုံးအနှံ့ နှစ်လနီးပါးကြာမြင့်တဲ့ ထောက်ခံမှု လက်မှတ် ပေါင်း ၄.၉ သန်းကျော် ရရှိခဲ့တယ်လို့ သြဂုတ် ၄ရက်နေ့မှာ ဦးထွန်းထွန်းဟိန်က ပြောဆိုခဲ့ပါတယ်။ ကိစ္စတစ်ခုကို လူ ၅သန်းလောက် ထောက်ခံတာ နည်းတယ်လို့ ဆိုနိုင်ရဲ့လား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တစ်နိုင်ငံလုံးအနှံ့ ထောက်ခံတဲ့ လက်မှတ်တွေကို တရားဝင်ကြေညာဖို့ သတင်းစာ ရှင်းလင်းပွဲ မကြာခင်လုပ်မှာဖြစ်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD အနေနဲ့ ဘာတွေဆက်လုပ်သွားမယ်ဆိုတာကိုလည်း အသိပေးသွားမယ်လို့ ကမာရွတ်မီဒီယာကို ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် ပဋိဉာဉ်ပြုနိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေကို လက်မှတ် ထိုးခိုင်းတာဖြစ်တဲ့အတွက် တက်ကြွတဲ့နိုင်ငံသား ဘယ်လောက်ရှိတယ်ဆိုတာ ဖော်ပြလိုက်ရာ ရောက်တယ်လို့ ဦးထွန်းထွန်းဟိန်က ဆိုပါတယ်။

PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုတဲ့ ရွေးကောက်ပွဲစနစ်ကို မြန်မာပြည်မှာ ကျင့်သုံးမယ်ဆိုရင် အရှည်တစ်လံလောက်ရှိ မယ့် မဲစာရွက်ပေါ်မှာ မဲဆန္ဒရှင်ပြည်သူတစ်ယောက်ချင်း ဖြည့်ဖို့ဆိုတာ အခက်အခဲရှိနိုင်တာကြောင့် ပြည်သူကို ပညာပေး မှုမလုပ်နိုင်ရင် ပယ်မဲများသွားမှာမို့ NLD အနေနဲ့ PR စနစ်ကို ကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းတို့ဟာ ပြီးခဲ့တဲ့ မေလ ၂၇ကစပြီး ဇူလိုင် ၁၉ရက်နေ့အထိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကို ပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။

Kamayut Media

No comments:

Post a Comment

My Blog List