Thursday, August 07, 2014

ပြည်နှင်ဒဏ်ခံရသူ ဦးမောင်မောင်ဝမ်း ဘာပြောထားလဲ



မြန်မာနိုင်ငံ မကွေးတိုင်း ရေနံချောင်းမြို့မှာ အင်္ဂလိပ်စာသင်ကြားနေစဉ် လ၀က နဲ့ ရဲတို့က ခေါ်လာပြီး မနေ့တုန်းက ပြည်နှင် ဒဏ်ပေးခံလိုက်တဲ့ အွန်လိုင်းက အင်္ဂလိပ်စာသင်ကြားသူ ဦးမောင်မောင်ဝမ်းက သူ ဘာကြောင့် ပြည်နှင်ဒဏ်ပေးခံရတယ်ဆို တာနဲ့ပတ်သက်ပြီး အခုလို ရေးသား ဖော်ပြထားပါတယ်။ 
မြန်မာပြည်မှ နှင်ထုတ်ခံခဲ့ရတဲ့ အကြောင်းက ရေနံချောင်းမှာ စာစသင်မယ်လုပ် တော့ လ၀က က Social Visa နဲ့ အခမဲ့ ပဲဖြစ်ဖြစ်...အခကြေးငွေနဲ့ပဲဖြစ်ဖြစ်..စာသင်ကြားခွင့်မရှိကြောင်း လာပြောပါတယ်။ 

မိမိအနေနဲ့က ရန်ကုန်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသားများကို ပို့ချလာတာဘာမှမဖြစ်တဲ့အတွက်...ရေနံချောင်းမှာလည်း ကြေငြာ ထားသည့်အတိုင်း ဆက်လက်သင်ကြားမှာဖြစ်တဲ့ အကြောင်း တုန့်ပြန်ပြော ကြားခဲ့ပြီး ဆက်လက်သင်ကြားခဲ့ပါတယ်။ 

ဒါ့အတွက် ဒုတိယနေ့ စာသင်ကြားအပြီး ညမှာ လ၀က နဲ့ ရဲများက ( အထက် ဖိအားအရ ) မော်တော်ကားနဲ့ ကျနော့်အား တောက်လျှောက်ခေါ်ဆောင်ပြီး လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိတာဝန် ယူ လုပ်ဆောင်ခဲ့ပါတယ်။ 

ဝန်ထမ်းများအနေနဲ့ ဖိအားအရ တာဝန်နဲ့အညီလုပ်ဆောင်ခြင်းကို ကျနော့်အနေနဲ့ အပြည့်အ၀နားလည်ပေးနိုင်ပါတယ်

သို့သော် မရှင်းတဲ့အချက် က မြို့နယ် လ၀ကမူးမှ ကျနော့်အား ဥပဒေ အကြောင်းအချဉ်းအရာ စာအုပ်ကို ဖတ်ပြ ရှင်းလင်းရာမှာ ( ၄-၂ အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် ဗီဇာ ရသူအား 
ပြည်ထောင်စုမြန်မာနိုင်ငံတွင်းသို့ဝင်ခွင့်ပြုထားသော သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ တွင် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များဟု မှတ်ယူရမည်။ 

ထိုစည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်လျှင် ထိုလက်မှတ်ရသူသည်…ပြည်ထောင်စုမြန်မာနိုင်ငံမှ နှင် ထုတ်စေရန်…နိုင်ငံတော်သမ္မတက ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်။ ) 

အခု ကျနော့်ကို နှင်ထုတ်ဖို့ ညွှန်ကြားသူမှာ မကွေးတိုင်း အစိုးရမှ ၀န်ကြီး ချုပ် ( ဦးဖုန်းမော်ရွှေ ) ဖြစ်သည်ဆိုလျှင်...ယင်း ၀န်ကြီးချုပ်သည်...သမ္မတ အခွင့်အာဏာကို လုပ်ပိုင်ခွင့်ရှိမရှိ သိချင်ပါတယ်။ ဥပဒေစကားကိုတွင်တွင်ကျယ်ကျယ်ပြောဆိုနေ သူကိုယ် တိုင်က...ဥပဒေကို သဲသဲကွဲကွဲမသိ...လုပ်ချင်ရာ လုပ်တယ်လို့ပဲမှတ်ယူမိပါတယ်။ 

ဆိုရိုးတစ် ခုရှိပါတယ်.( လူတစ်ယောက် စကားသုံးခွန်းပြောလိုက်ပါ..စာသုံးကြောင်းရေး လိုက်ပါ ခြေလှမ်းသုံးလှမ်း.လှမ်းလိုက် ပါ...ဥပဒေနဲ့လွတ်ရင် ကြိုက်သလိုပြောတဲ့ )..

ကျနော် စာသင်ကြားခြင်းကို ဥပဒေနဲ့ မညီဆိုရင်..လူကြီးမင်းကိုယ်တိုင်ကရော.ဥပဒေနဲ့ ဘယ်လောက် ညီအောင်လုပ်ဆောင်နေ ပါသလဲ....မေးခွန်းထုတ်ချင်ပါတယ်။.....

ထိုင်းနိုင်ငံမှာ သာမာန် နိုင်ငံခြားသား ခရီးသွားလာခွင့် ဗီဇာနဲ့...Volunteer အလုပ်များကို လုပ်ဆောင်နေ သူ များ အား ထိုင်း အစိုးရမှ ပြန်မောင်းထုတ်တယ်လို့ မကြားဘူးပါ။ 

ယခု ကျနော် ကြုံတွေ့လိုက်ရသော အဖြစ်အပျက်က ကျနော်အပါဝင် နိုင်ငံ ခြားသားများ အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး စေတနာဝန်ထမ်း အလုပ်လုပ်ပါမည် ဆိုသော်ငြားလည်း...အုပ်ချုပ်သူများ ၏ စိတ်ရူးပေါက်မူ့ အပေါ်တည်မှီပြီး သိက္ခာမဲ့သော အလုပ်များကို အလုပ်ခံရဖို့ အချိန်မရွေးဖြစ်နိုင်ပါတယ် ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

သွား ရောက်မဲ့သူများကိုလည်း....သတိပေးရပါလိမ့်မည်။ 

ပညာဆိုတာကို တန်ဖိုး ထားရကောင်းမှန်း မသိ.....အရာရာကို စစ်မြေပြင်လို့သဘောထားနေ မည်ဆိုပါ ရင်...နောက်ထပ် အနှစ် ငါးဆယ် ကြာတောင် တိုင်းပြည်မတိုးတက်နိုင်ပါ။ 

ပြည်ထောင်စု ၀န်ကြီးတစ်ဦးမှ ကျနော့်အား ထိုင်းနိုင်ငံတွင် ပြန်လည် ဗီဇာတင်ပါက ပြန်လာခွင့် ပြုမည်ဟုဆိုငြားလည်းယုံကြည် ရန်.ခွန်အားမရှိတော့ပါ.......။ အမေရိကားသို့ပဲပြန်ပါတော့မည်...ယင်းဖြစ်ရပ်အား အမေရိကန်အစိုးရအပါဝင် နိုင်ငံတကာ သိအောင် ဆက်လက်ကြိုးပမ်း ပါတော့မည်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List