Friday, August 08, 2014

သတ္တုမိုင်းတွင်းတူးဖော်ရေးသူဌေးတစ်ဦး သေဒဏ်ချမှတ်ခံရမှုကို တရုတ်တရားရုံးက ထောက်ခံ



သတ္တုမိုင်းတူးဖော်ရေး သူဌေး တစ်ဦးကို သေဒဏ်ချမှတ်ခဲ့မှုနှင့် ပတ်သက်ပြီး သြဂုတ် ၇ရက်တွင် တရုတ်နိုင်ငံ တရားရုံးတစ်ရုံးက ထောက်ခံခဲ့ကြောင်းနှင့် ၄င်းသည် အဂတိလိုက်စားမှု ကျူးလွန်နေ ကြောင်း စစ်ဆေးခံနေရသူ လုံခြုံ ရေးအကြီးအကဲ ရှုနှင့်ဆက် စပ်နေ ကြောင်း သိရသည်။ လူဟန်၊ လူဝေ နှင့် အပေါင်းအပါသုံးဦးတို့သည် မာဖီးယားစတိုင်လ်အဖွဲ့ဖွဲ့ကာ လူသတ်မှုနှင့် တခြားသော ရာဇဝတ်မှု ကျူးလွန်မှုတို့ကြောင့် မေလက သေ ဒဏ်ချမှတ်ခဲ့ပြီးနောက် ၄င်းတို့က ဟူဘင်ပြည်နယ် တရားရုံးချုပ်တွင် အယူခံဝင်ခဲ့သည်။
ထိုတရားရုံးက ၄င်းတို့၏အယူ ခံကို သြဂုတ် ၇ရက်တွင်ပယ်ချခဲ့ သည်။ ''ရာဇဝတ်အဖွဲ့အစည်းနဲ့ မာဖီးယားစတိုင်လ်အဖွဲ့ အစည်းတွေ ဦး ဆောင်မှုတွေကြောင့် လူသတ်သမား လူဟန်နဲ့ လူဝေကို ပြင်းထန်တဲ့ပြစ် ဒဏ်တွေ ချမှတ်သင့်ပါတယ်''ဟု တရားရုံးက ပြောခဲ့သည်။

တရားရုံးက လူဟန်နှင့် လူဝေ တို့အား သေဒဏ်ချမှတ်မှုကို ထောက် ခံကြောင်း ပြောကြားခဲ့သည်။ လူ ဟန်သည် တရုတ်နိုင်ငံ စီချွမ်ပြည် နယ် အနောက်တောင်ပိုင်းအခြေစိုက် ဟန်လောင်ကုမ္ပဏီကို ဦးဆောင်သူ ဖြစ်ပြီး တစ်ခါက သြစတြေးလျလုပ် ငန်းတစ်ခုအတွက် ဒေါ်လာ တစ် သန်း ခန့်အသုံးပြုခဲ့သည်။

စီချွမ်ပြည်နယ်သည် တစ်ခါက တရုတ်နိုင်ငံ၏ လုံခြုံရေးအကြီးအကဲ အဖြစ် အာဏာရှိခဲ့သော ရှုယောင်ကန်၏ အခြေချရာနေ ရာတစ်ခုဖြစ် သည်။

သို့သော်လည်း ၄င်း၏အဂတိ လိုက်စားမှုကြောင့် စုံစမ်းစစ်ဆေးခံ နေရကြောင်း သိရသည်။ လူဟန် သည် ရှု၏သားဟု ယုံကြည် ရသော စီးပွားရေးသမား တစ်ဦးနှင့်ဆက် သွယ်နေကြောင်း စီးပွားရေးမဂ္ဂဇင်း Caixin တွင်ဖော်ပြထားသည်။ အဂတိ လိုက်စား မှုကြောင့် စုံစမ်းစစ်ဆေး ခံရသော ပထမဆုံးကွန်မြူနစ် ပါတီ ထိပ်တန်းအဖွဲ့ဝင်ဖြစ်လာခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List