Thursday, August 07, 2014

အရပ်သားအမတ် ရာခိုင်နှုန်းပြည့်ဖြစ်မှသာ ရွေးကောက်ပွဲစနစ်ပြောင်းမည်ဟု ဦးကိုကိုကြီး ပြောကြား


ရွေးကောက်ပွဲစနစ်ပြင်ဆင်ရန် ကြိုးစားမည်ဆိုပါက အရပ်သားကိုယ်စားလှယ် တစ်ရာရာ ခိုင်နှုန်းဖြစ် မှသာ ပြင်ဆင်ရန်ဆွေး နွေသင့်ပြီး သို့မဟုတ်လျှင် လက်ရှိစနစ်အတိုင်းသာထားရှိရန် ဦးကိုကိုကြီး ကပြောကြားလိုက်သည်။

လက်ရှိလွှတ်တော်ထဲတွင် တပ်မတော်သား ၂၅ရာခိုင်နှုန်းပါ ၀င်နေသည်ကို အရေးကြီးသည့် ကိစ္စရပ် မှန်းသိသော်လည်းအမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် တဖြည်းဖြည်းပြုပြင်ပြောင်းလဲမည်ဟု ဒီမို ကရေစီအင်အားစုများက ဆုံးဖြတ်ထားသောကြောင့်  ၂၅ရာခိုင်နှုန်းကိစ္စကို အရေးတကြီးမပြောခဲ့ဟု ၎င်းတို့နိုင်ငံရေး လမ်းကြောင်းအား ထိန်းသိမ်း ဆောင်ရွက်နေပုံကို ဦးကိုကိုကြီး ကပြောသည်။

‘‘နိုင်ငံရေးနယ်ပယ်ထဲမှာတစ် ယောက်နဲ့တစ်ယောက်ပူးပေါင်း ဆောင်ရွက်မှုမြှင့် တင်ဖို့ပဲလိုလား ပါတယ်။ တစ်ယောက်နဲ့ တစ် ယောက်အားစမ်းတဲ့ တစ်ယောက် ဒါလုပ်ပြီဆိုတော့ ဒါလုပ်လိုက် မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ နိုင်ငံရေးကစား တာတွေ၊ လက်နက်တစ်ခုအဖြစ် သုံးတာမျိုးတွေမလုပ်ကြဖို့ ကျွန် တော်မေတ္တာရပ်ခံချင် တယ်’’ဟု ဦးကိုကိုကြီးက သြဂုတ် ၆ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရတပ်မတော်သည်ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းရမည်ဖြစ် သောကြောင့် ရွေးကောက်ပွဲဝင် မည့်ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက နိုင်ငံရေးကင်းရှင်းရမည့် အဖွဲ့ကို ကိုယ့်ပါတီ၏ အင်အားအဖြစ်ထည့်တွက်မှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်မှုဖြစ်သည် ဟုလည်း ဦးကိုကိုကြီးကသတိပေးလိုက်သည်။

လက်ရှိအာဏာရပါတီဖြစ်  သော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ဗဟိုကော် မတီဝင် တစ်ဦးဖြစ်သည့် ဦးလှ ဆွေက ရွေးကောက်ပွဲစနစ်ကို သာပြောင်းလဲမည်ဆိုပါက ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၂၆ရာခိုင်နှုန်းခန့်နိုင်လျှင် ပင် တပ်မတော်သား ၂၅ရာခိုင် နှုန်းနှင့် ပေါင်း၍ အစိုးရဖွဲ့နိုင်သည် ဟု ပြောကြားထားသည်။

လွှတ်တော်နှစ်ရပ်တွင် ရွေး ကောက်ပွဲစနစ်ပြင်ဆင်မှုကို အာဏာရပါတီက ထောက်ခံထားရာ အတိုက် အခံနှင့် တိုင်းရင်းသားပါ တီများကရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်ဖြစ် လိုလျှင် တပ်မတော်သား ၂၅ရာခိုင်နှုန်းကို ပထမဆုံး ဖယ်ရှားရမည်။ သို့မှသာ တရားမျှတပြီး အမှန် တကယ်အချိုးကျမည်ဟု ထောက်ပြထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List