Wednesday, August 06, 2014

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် လွှတ်တော်အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆို


လွှတ်တော်အား တစ်နှစ်ကြာ သပိတ်မှောက်ခဲ့ပြီးနောက် ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ်ရိုင်ဆေနှင့် ၎င်း၏ ပါတီဝင် (၅၄) ဦးတို့သည် အင်္ဂါနေ့တွင် လွှတ်တော်အမတ်များ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြကြောင်း သိရသည်။

ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) ၏ခေါင်းဆောင် ရိုင်ဆေသည် ကမ္ဘောဒီးယားအား နှစ်ပေါင်း(၃၀) နီးပါး အုပ်ချုပ်ခဲ့ သည့် ၀န်ကြီးချုပ် ဟွန်ဆန်အတွက် အဓိကယှဉ်ပြိုင်ဘက် တစ်ဦး ဖြစ်နေခဲ့သည်။ ပြိုင်ဘက်နှစ်ဦးသည် လွန်ခဲ့သောလတွင် သဘောတူညီမှု တစ်ခုကို ရရှိခဲ့သောကြောင့် ရိုင်ဆေသည် ယမန်နှစ် ဇူလိုင်တွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ကို သပိတ်မှောက် ထားခြင်းကို ရပ်ဆိုင်းရန် သဘောတူညီခဲ့သည်။ ဟွန်ဆန်ကလည်း ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

လွန်ခဲ့သောလတွင် CNRP မှ နိုင်ငံရေးသမားများ (၈)ဦး နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံခဲ့ရ ပြီးနောက် ရိုင်ဆေသည် အလျှော့ ပေးမှုများပြု လုပ်ခဲ့ပုံ ရကြောင်း လေ့လာသူများ ကသုံးသပ်သည်။ ပြစ်မှု ထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်အနှစ် (၃၀) အထိကျခံရ နိုင်ခြေရှိနေသည့် နိုင်ငံရေးသမား (၈) ဦးတို့သည် သဘောတူညီမှု ရရှိပြီး နောက်နာရီ အနည်းငယ်အကြာတွင် အာမခံဖြင့် လွတ်မြောက်ခွင့်ရရှိခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲကို ဘုရင်မင်းမြတ်၏ ဦးဆောင်မှုဖြင့်ပြု လုပ်ခဲ့ကြောင်း ရိုင်ဆေက သတင်းထောက် များကို ပြောဆိုခဲ့သည်။ ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သည် မဲလိမ်လည်မှုများပြု လုပ် ခဲ့ကြောင်း ယမန်နှစ်တွင် စွပ်စွဲခဲ့သည့် အတိုက်အခံဥပဒေပြု အမတ်များသည် သြဂုတ် လ(၈) ရက်နေ့တွင် လွှတ်တော် တက်ရောက်မည်ဖြစ်သည်။ လွန်ခဲ့သောလတွင် ရရှိခဲ့သည့် သဘောတူညီမှုအရ ပါတီများသည် အမျိုးသားရွေးကောက်ပွဲ ကော်မတီအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment

My Blog List