Monday, August 04, 2014

MMBAC က ရန်ကုန်မှ ဘန်ကောက်နှင့် စင်ကာပူသို့ စင်းလုံးငှားလေယာဉ်နှင့် လူနာတင်လေယာဉ် ၀န်ဆောင်မှုပေးမည်


ဘန်ကောက်နှင့် စင်ကာပူနိုင်ငံများသို့ စင်းလုံးငှားလေယာဉ် ဝန်ဆောင်မှုနှင့် လူနာတင်လေယာဉ် ဝန်ဆောင်မှုများကို Myanmar MJETS Business Aviation centre (MMBAC) က ပြုလုပ်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar MJETS Business Aviation centre (MMBAC) သည် မြန်မာနိုင်ငံသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်သည့် ခရီးသည်များ ရန်ကုန်လေဆိပ် အဆောက်အအုံအား အသုံးပြုရန်မလိုဘဲ သီးသန့်နားနေ ထွက်ခွာနိုင်မည့် Myanmar MJETS Business Aviation centre အား ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ ဩဂုတ် ၂ ရက်က ဖွင့်လှစ်ခဲ့သည်။

“စင်းလုံးငှားလေယာဉ် ဝန်ဆောင်မှုနဲ့ လူနာတင်လေယာဉ် ဝန်ဆောင်မှုကိုပါ (MMBAC) မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ခုလက်ရှိကတော့ ဘန်ကောက်နဲ့ စင်ကာပူနိုင်ငံတွေကို စင်းလုံးငှားခရီးစဉ်တွေ ပျံသန်းပေးနေ ပါတယ်” ဟု Myanmar MJETS မှ Executive Chairman ဦးအုန်းမြင့်က ပြောကြားသည်။

လက်ရှိတွင် မြန်မာလူမျိုးများ စင်းလုံးငှားလေယာဉ်ဖြင့် ဘန်ကောက်နှင့် စင်ကာပူနိုင်ငံများသို့ ဆေးကုသရန် သွားရောက်ခြင်းမှာ တစ်ပတ်လျှင်တစ်ကြိမ်နှုန်းနှင့် တစ်လလေးကြိမ်ခန့် သွားရောက်လေ့ရှိပြီး ခရီးသည် များ၏ လိုအပ်ချက်ပေါ်မူတည်၍ စင်းလုံးငှားလေယာဉ်များ ထပ်မံဖြည့်ဆည်းသွားမည်ဟု သိရသည်။

Myanmar MJETS Business Aviation centre တွင် ရရှိနိုင်မည့် ဝန်ဆောင်မှု လုပ်ငန်းများမှာ Business Aviation Centre, Business and Conference Facilities, Pilots Briefing room, Baggage service, Aircraft Services များဖြစ်သည့် Aircraft Refueling, Aircraft Handling, Aircraft Washing & Bright Work, Aircraft Cleaning, Hotel Reservations နှင့် Tour Booking စသည့် ဝန်ဆောင်မှုများကိုပါ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

Myanmar MJETS Business Aviation centre သည် ကိုယ်ပိုင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက် သည့် ခရီးသည်များ ရန်ကုန်လေဆိပ် အဆောက် အအုံကို အသုံးပြုရန်မလိုဘဲ အဆိုပါစင်တာ၌ပင် လူဝင် မှုကြီးကြပ်ရေးနှင့် အကောက်ခွန်လုပ်ငန်းစဉ်များ အပါအဝင် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများကို တစ်ပါ တည်းပြုလုပ်၍ သီးသန့်ထွက်ခွာနိုင်မည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List