သြတြေးလျအစိုးရနဲ့ ကမ္ဘောဒီးယား အစိုးရကြား ညှိနှိုင်းဆွေးနွေးနေကြတဲ့ ဒုက္ခသည် ခေါ်ယူ လက်ခံဖို့ အရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီမှုစာချွန်လွှာကို မကြာခင်မှာ သဘောတူ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော် လင့်ကြောင်း ကမ္ဘော ဒီးယား နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
သြစတြေးလျ နိုင်ငံပိုင် Nauru ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ထားရှိတဲ့ ခိုလှုံခွင့် တောင်းခံသူ ဒုက္ခသည်တွေကို သြစတြေးလျ အစိုးရက ကမ္ဘောဒီးယား နိုင်ငံကို ပို့ဆောင် နေရာချထားပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံကို လှေတွေနဲ့ ခိုးဝင်လာတဲ့ ခိုလှုံခွင့် တောင်းခံသူတွေကို သြစတြေးလျ အစိုးရက Nauru ကျွန်းနိုင်ငံ ထိန်းသိမ်းရေး စခန်းမှာ ပို့ဆောင်ထားရှိ နေတာဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံအကြားက ဆွေးနွေး နေကြတဲ့ ဒုက္ခသည် ခေါ်ယူလက်ခံဖို့ အစီအစဉ်ကို ကမ္ဘောဒီးယား ဘက်က လေ့လာမှုတွေ ပြီးမြှောက် သွားပြီးဖြစ်တဲ့ အတွက် မကြာခင်ရက်ပိုင်း အတွင်းမှာပဲ သြစတြေးလျ ကို အကြောင်းကြားသွားဖို့ရှိတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး Ouch Borith က ABC သတင်းဌာနကို ပြောပါတယ်။
ဒါပေမယ့် ဒုက္ခသည်တွေကို လက်ခံဖို့အတွက် သြစတြေးလျအစိုးရက ကမ္ဘောဒီးယားကို ဘယ်လောက် ငွေကြေးပေး ဆောင်ရမယ် ဆိုတဲ့ အကြောင်းနဲ့ ဒုက္ခသည်တွေကို ကမ္ဘောဒီးယား ပြည်တွင်း ဘယ်နေရာတွေမှာ ထားရှိမလဲ ဆိုတာကို အသေးစိတ် ပြောဆိုခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒုက္ခသည် ဘယ်လောက်ကို လက်ခံသွား မလဲဆိုတာကိုလည်း ထုတ်ဖော် ပြောဆိုခြင်းမရှိပဲ မိမိ သဘောနဲ့ လာရောက်လိုတဲ့ ဒုက္ခသည်တွေကိုသာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ABC
No comments:
Post a Comment