Tuesday, May 20, 2014

တရုတ်စစ်အရာရှိ ၅ ဦးကို ကုန်သွယ်ရေး လျှို့ဝှက်ချက် ခိုးယူမှုဖြင့် အမေရိကန် စွဲချက်တင်


အမေရိကန် ကုမ္ပဏီတွေကို အင်တာနက်ကနေတဆင့် ကြားဖြတ်ဖောက်ထွင်းပြီး ကုန်သွယ်ရေး လျှို့ဝှက် ချက်တွေခိုးယူမှုနဲ့ တရုတ်စစ်တပ် အရာရှိ ၅ ဦးကို စွဲချက်တင်လိုက်တယ်လို့ အမေရိကန်အစိုးရ အိမ်ဖြူတော် က ပြောပါတယ်။

တရုတ်အစိုးရဟာ အမေရိကန်အပေါ် အင်တာနက် ဖောက်ထွင်းစောင့်ကြည့် မှုတွေ ဆက်လုပ်နေတယ် ဆိုတဲ့ စိုးရိမ်မှုကိုလည်း အိမ်ဖြူတော်ပြောခွင့်ရ ဂျေးကာနေက မနေ့က သတင်းစာရှင်းလင်းပွဲ အတွင်း ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရက တရုတ်အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ဆက်ရှိနေမယ်လို့လည်း အလေးအနက်ထား ပြောပါတယ်။

တရုတ်အစိုးရနဲ့အတူ ဆိုင်ဘာလုံခြုံရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ညှိနှိုင်းဆောင်ရွက်မှုတွေ အတွက် အခွင့်အလမ်းတွေ အမြဲရှိနေတယ်လို့လည်း ဆိုပါတယ်။

“သမ္မတအိုဘားမားက ဒီအရေးကို စိန်ခေါ်မှုလို့ သတ်မှတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ။ အမေရိကန် ဆိုင်ဘာလုံခြုံရေးအတွက်၊ အစိုးရအတွက် စီးပွားရေးအတွက် ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ တာဝန်ခံမှု ရှိဖို့အတွက် လှုပ်ရှားမှုတွေ လုပ်ဖို့ သူက မျှော်လင့်ခဲ့တယ်။ ဆိုင်ဘာလုံခြုံရေးက ထိပ်တန်းဦးစားပေးဆိုတာ သေချာအောင် အာရုံစိုက် ကတိပြုခဲ့တာ” လို့ ပြောပါတယ်။

အမေရိကန် နျူကလီးယား သတ္တုနဲ့ နေစွမ်းအင်သိုလှောင်ပြား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။

စွဲချက်တင်မှုအရ တရုတ် အစိုးရပိုင်ကုမ္ပဏီတွေဟာ သတင်းအချက်အလက် နည်းပညာဝန်ဆောင်မှုပေးဖို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် တပ်ခွဲ ယူနစ် ၆၁၃၉ ၈ ကို ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ နာမည်တွေကိုတော့ မဖော်ပြပါဘူး။

ဒီတပ်ဟာ ဆိုင်ဘာလုံခြုံရေးအဖွဲ့ရဲ့ မနှစ်က ခွဲခြားဖော်ပြမှုအရ  သူလျှိုလုပ်ငန်း အများအပြားကို လည်ပတ် လုပ်ဆောင်တဲ့ ရင်းမြစ်ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ကတော့ စွဲချက်တွေကို ချက်ချင်းငြင်းဆိုပြီး အမေရိကန် တရားသူကြီးတွေက စွဲချက်တွေကို အတုလုပ်ပြီး ၂ နိုင်ငံကြား ယုံကြည်မှုကို ပျက်စီးစေတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။

အမေရိကန် အရာရှိတွေကတော့ ကုမ္ပဏီတွေရဲ့ ထိခိုက်ဆုံးရှုံးမှုကို ခန့်မှန်းဖို့ ငြင်းဆိုပေမယ့် သိသာ ထင်ရှားတဲ့ ပမာဏလို့ ဆိုပါတယ်။

ခုလို စွဲချက်တင်တာဟာ အမေရိကန်အစိုးရက ဆိုင်ဘာသူလျှိုမှုကို ပူးပေါင်းလုပ်ဆောင်မှုနဲ့ စွပ်စွဲပြီး နိုင်ငံခြားအစိုးရ အရာရှိ ဘယ်သူ ဘယ်ဝါဆိုတာကို တိတိကျကျ တရားစွဲတဲ့ ပထမဆုံး လုပ်ရပ် ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List