Monday, May 19, 2014

သြစီအစိုးရရဲ့ဘတ်ဂျက်ငွေ လျော့ချမှု အစီအစဉ်ကို ပြည်နယ်အစိုးရ ကန့်ကွက်



သြစတြေးလျနိုင်ငံ အစိုးရကနေ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ် လျှော့ချမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်နယ် အစိုးရတွေက ကန့်ကွက်နေကြပါတယ်။မနေ့တုန်းကပဲ သြစတြေးလျ နိုင်ငံမှာရှိတဲ့ ပြည်နယ် ၆ ခုက ခေါင်းဆောင်နဲ့ အထူး အုပ်ချုပ် ခွင့်ရဒေသ ၂ ခုက ခေါင်းဆောင်တွေ ဆစ်ဒနီမြို့မှာ တွေ့ဆုံပြီး အစိုးရရဲ့ အစီအစဉ်အပေါ် ဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။
အစိုးရရဲ့ အစီအစဉ် အပေါ် ပြည်နယ် အစိုးရတွေက ဆန့်ကျင် နေကြပြီး ပြည်သူတွေ အနေနဲ့လည်း ဒီအစီ အစဉ်အပေါ် သဘောမတူ တဲ့အကြောင်း ထုတ်ဖော်ပြော ဆိုကြဖို့ တိုက်တွန်းနေကြပါတယ်။

အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အဓိက အတိုက် အခံပါတီဖြစ်တဲ့ လေဘာပါတီကတော့ ကြော်ညာ တွေကနေ တဆင့် အစိုးရကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါပြီ။

အစိုးရရဲ့ အသုံးစရိတ်လျှော့ချမယ့် အစီအစဉ်ထဲက အစီအစဉ်တစ်ဝက်လောက်ကို အတိုက်အခံ ပြုသွား မယ်လို့လည်း အတိုက် အခံပါတီတွေက ပြောဆိုနေကြပါတယ်။

အစိုးရရဲ့ အသုံးစရိတ် လျှော့ချရေး အစီအစဉ်တွေကို သြစတြေးလျ ပြည်သူ ထောင်နဲ့ချီကလည်း ဆန့်ကျင်ဆန္ဒပြခဲ့ ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List