Tuesday, May 20, 2014

လျှို့ဝှက်ချက်တွေ ခိုးယူမှုနဲ့ တရုတ်စစ်မှုထမ်း တွေကို အမေရိကန်က တရားစွဲ


အမေရိကန်နိုင်ငံရဲ့ ​ကုန်သွယ်ရေးဆိုင်ရာ ​လျှို့ဝှက်ချက်တွေကို ​ခိုးယူမှုနဲ့ ​တရုတ်နိုင်ငံ ​စစ်အမှုထမ်းတွေကို ​အမေရိကန်နိုင်ငံက ​တရားစွဲဆိုလိုက်ပါတယ်။တရုတ်နိုင်ငံက ​စစ်အမှုထမ်း ​၅ ​ဦးဟာ ​အင်တာနက် ကွန်ယက်ကနေတဆင့် ​အမေရိကန်ရဲ့ ​ကုမ္ပဏီ ​၆ခုကို ​ထောက်လှမ်းမှုတွေလုပ်နေတယ်လို့ ​စွပ်စွဲလိုက်တာ ​ဖြစ်ပါတယ်။

အချက်အလက် ​ခိုးယူခံရတဲ့ ​အမေရိကန် ​ကုမ္ပဏီတွေ ​ထဲမှာ ​နျူကလီးယား ​ကုမ္ပဏီ၊ ​သတ္တုနဲ့ ​နေစွမ်းအင် ​ထုတ်လုပ်ရေး ​ကုမ္ပဏီတွေ ​ပါဝင် ​တယ်လို့ ​ဆိုပါတယ်။

တရုတ်ကနေ ​ခိုးယူတဲ့ ​အချက် ​အလက်တွေဟာ ​အလားတူ ​လုပ်ငန်းမျိုး ​လုပ်ကိုင်တဲ့ ​တရုတ် ​ကုမ္ပဏီတွေ ​အတွက် ​အသုံးဝင်တဲ့ ​အချက်အလက်တွေ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

တရုတ်အစိုးရရဲ့ ​ထောက်ပံ့ ​မှုတွေနဲ့ ​ဒီလို ​လျှို့ဝှက် ​အချက် ​ခိုးယူတာတွေကို ​လုပ်ဆောင်နေ ​တာလို့ ​အမေရိကန်က ​စွပ်စွဲလိုက်ပြီး ​ဒီလို ​လုပ်ရပ်တွေကြောင့် ​အမေရိကန် ​နိုင်ငံအတွက် ​နှစ်စဉ်နှစ်တိုင်း ​ဒေါ်လာ ​သန်းပေါင်း ​ထောင်နဲ့ချီ ​နစ်နာစေ ​တယ်လို့ ​ဆိုပါတယ်။

အမေရိကန်ရဲ့ ​စွပ်စွဲချက်ကို ​တရုတ်နိုင်ငံက ​တုန့်ပြန်လိုက်ပြီး ​အမေရိကန်နိုင်ငံကသာ ​နိုင်ငံတကာအပေါ် ​လျှို့ဝှက်ထောက်လှမ်းမှုတွေ ​လုပ်နေတယ်လို့ ​တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီလို ​စွပ်စွဲချက်တွေဟာ ​တမင်ဖန်တီးပြောဆိုထားတဲ့ ​စွပ်စွဲချက်တွေဖြစ်ပြီး ​တရုတ်-အမေရိကန် ​ဆက်ဆံရေးကို ​ထိခိုက်နိုင်တယ်လို့ ​တရုတ်နိုင်ငံခြားရေးဌာနကလည်း ​ထုတ်ပြန်ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List