Friday, May 23, 2014

" ပြင်ဦးလွင်အမှတ်တရနဲ့ အိချောပို "


အိချောပို က ပြင်ဦးလွင်မှာ နေတိုး၊ ခန့်စည်သူ၊ နေမင်းတို့နဲ့ ဗီဒီယို ၅ ကားရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ အဲဒီ ၅ ကားမှာတော့ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းအစုံပါ တယ်လို့ပြောတဲ့ အိချောပိုကို ခန့်စည်သူနဲ့ ဟာသကားတွဲရိုက်တဲ့အခါမှာ ဟာသပိုင်တဲ့ ကိုခန့်စည်သူက ဘာတွေသင်ပေးလဲမေးတော့ 

” အစုံပါပဲ၊ ဟာသဒိုင်ယာလော့ကတအားလေးလို့မရဘူးဆိုတာကအစအကုန်သင်ပေးပါတယ်” လို့ ပြောပါ တယ်။ အငြိမ့်မင်းသမီး လူရွှင်တော်အဖြစ်လည်းလုပ်ဖူးတဲ့ အိချောပိုကို နောက်ထပ် လူရွှင်တော် လုပ်ပေးဖို့ ကမ်းလှမ်းထားတာရှိလားမေးတော့ ” အဲဒီတုန်းက ဦးဇာဂနာဦးစီးပြီးလုပ်ပြီးတဲ့နောက်ပိုင်း သမီးကို မင်းသမီးအဖွဲ့ကို ခေါ်တယ်လို့တော့ပြောတယ်။ ဒါပေမဲ့သမီး တို့ကလည်း ကိုယ့်အလုပ်တွေနဲ့ ကိုယ်ဆိုတော့ အဲဒီဘက်ကို သိပ်မလုပ်ဖြစ်သေးဘူး” လို့ပြောပါတယ်။

အိချောပိုရဲ့ ပြင်ဦးလွင်အမှတ်တရကိုမေးတော့ ” သမီးပြင်ဦးလွင်ကို ၃ နှစ်မြောက်လာရောက်ရိုက်ကူး တာပါ။ ပထမဆုံး ပြင်ဦးလွင်မှာ ရိုက်တာက” ယောက်ျား ကိုရောင်း စားမယ်” ဆိုတဲ့ကား၊ ကိုပြေတီဦးနဲ့ပါ။ အဲဒီကားက တအားပေါက်ခဲ့တာ။ ပြီးတော့ “ဆွဲစိလိုက်မယ်”ကို ကိုမြင့်မြတ်နဲ့ရိုက်တာလည်း ပြင်ဦးလွင်မှာပဲ။ ကိုခန့်စည်သူနဲ့ အခု ပြင်ဦးလွင်မှာရိုက်တာက တော့ပထမဆုံးပါပဲ” လို့ပြောပါတယ်။ 

အချိန်တိုအတွင်းမှာ အိချောပိုအောင်မြင်လာတာ ဘာကြောင့်လို့ထင်လဲမေးတော့ ” အစ်ကို ဆရာတွေက လက်တွဲခေါ်တာကြောင့်ပါသလို ပရိသတ်တွေကလည်း သမီးကားလေးတွေကိုအားပေးကြတာကြောင့်ပါ” လို့ပြောပါတယ်။

အလုပ်ကိုအာရုံစိုက်လုပ်နေတာကြောင့်အချိန်ပေးသင့်တဲ့ လူတွေကိုကောအချိန်ပေးဖြစ်ရဲ့လားမေးတော့ ” တခြားအာရုံပျံ့ လွင့်တာတွေမရှိသလို ဒီအလုပ်ကို အာရုံစိုက်တာကြောင့် အလုပ်လုပ်နေတဲ့အချိန်မှာ တခြားဟာကို ခေါင်းထဲမထည့်ဘူး။ 

ဒီလုပ်လုပ်ကတည်းက မိသားစု စုံစုံညီညီတွေ့ရတာတောင် သိပ်မရှိတော့ဘူး” လို့ ပြောပါ တယ်။ အိချောပို ကို ဖေ့စ်ဘုတ်ပရိသတ်က ဘာပြောလဲမေးတော့ ” အစ်မကကားတော်တော် ရိုက်တာပဲလို့ ပြောကြတယ်။ ပရိသတ်က အိချောဇာတ်ကားတွေကိုစိတ်ဝင်တစားနဲ့မေးရင် ပြန်ပြောဖြစ်တယ်” လို့ပြောပြခဲ့ပါတယ်။

နေကွန်းထင်
Popular Journal

No comments:

Post a Comment

My Blog List