Wednesday, May 21, 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ဟာ ကလေးစိတ်ကောက်ပြီး ပြောတယ်လို့ပဲ အားနာနာနဲ့ ပြောပါရစေ


NLD အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းအဖွဲ့ အစည်းတို့ ပူးပေါင်းပြီး ရန်ကုန်နဲ့မန္တလေး မြို့တို့မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ““သမ္မတ ဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုခြင်းမရှိဘူး””လို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုနှင့် ပတ်သက်လို့ သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြား ရေးဒုဝန်ကြီး ဦးရဲထွဋ်က အခုလိုပြော ကြားပါတယ်။

““ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြော ကြားချက်က သူလိုချင်တာကို မဖြစ်တဲ့ အတွက်ကြောင့်မို့ စွပ်စွဲပြောဆို တယ်လို့ပဲ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတကြီးက ပြင်ချင်ရင် ပြင်နိုင် တယ်လို့ ပြောတယ်ဆို ပေမယ့် သမ်္မတအမိန့်နဲ့ ပြင်လို့ရတာမဟုတ်ဘူး။ လွှတ်တော်တွင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တော်တွေက ပြင်ရမှာ။ ကျွန်တော်တို့ အာဏာစုရပ် ခွဲခြားထားတဲ့အထဲမှာ သမ်္မတကြီးအနေနဲ့ အားလုံးသဘောတူရင် ပြင်ကြပါလို့ပဲ သူ ပြောလို့ရတယ်။ ဘယ်အပိုဒ်ကို ပြင်ပါလို့ သူအမိန့်ပေးလို့ မရဘူး။ အဲဒီတော့ သူ ပြောချင်တဲ့အတိုင်း သမ္မတကြီးက လိုက်မပြောလို့ သမ္မတကြီးဟာ ပြုပြင်ပြောင်းလဲရေးကို စိတ်မ၀င်စားဘူး။ အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်မ၀င်စားဘူးလို့ ပြောတာက ကလေးစိတ်ကောက်ပြီး ပြောတာနဲ့ပဲ တူတယ်လို့ ကျွန်တော် အားနာနာနဲ့ ပြောရမှာပါ””

ဒေါ်အောင်ဆန်းစုကြည်ဘက်က သမ္မတကို အခုလိုမျိုး ဦးရဲထွဋ်တို့ မြင်သလို စွပ်စွဲပြောဆိုတယ်အထိ ဖြစ်လာတယ်ဆိုတော့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဖက်ဆက်ဆံရေးမှာ တစ်စုံတစ်ရာ ထိခိုက်လာနိုင်ပါသလား။

““ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက်အတွက်တော့ မပြော နိုင်ဘူးပေါ့။ သမ္မတကြီးကတော့ ဘယ်ကိစ္စကိုမဆို အမြင်မတူတာတွေရှိသည့် တိုင်အောင်အမြင်တူတဲ့အပေါ်မှာမူတည် ပြီးတော့ ဘုံအကျိုး စီးပွားကိုအခြေခံပြီး လက်တွဲလုပ်ကိုင်မယ်ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး အားလုံး အပေါ် ဒီသဘောထားမျိုးရှိပါတယ်။ သူ့အပေါ်မှာ ဘယ်လိုပဲဝေဖန် တိုက်ခိုက်သည်ဖြစ်စေ စိတ်ရင်းစေတနာ မှန်ကတော့ ချွတ်ချော်တိမ်းပါးသွားမှာ မဟုတ်ပါဘူး””ဟု ပြောကြားသည်။

အခုလို လူထုအစည်းအဝေးလုပ်ခဲ့ တာနဲ့ပတ်သက်လို့ အစိုးရဘက်က သဘောထား ဘယ်လိုရှိပါသလဲဆိုတဲ့ အမေးကိုတော့ ဦးရဲထွဋ်က ““နံပါတ် (၁) ကတော့ အခြေခံဥပဒေနဲ့အညီ အခမ်း အနားမှာပြောကြဆိုကြ လုပ်ကိုင်ကြတာ တွေဟာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အတွက် ရှေ့ဆက်သွားဖို့ဆိုတာ တစ်ဖက် နဲ့တစ်ဖက် ယုံကြည်မှုတိုးတက်ဖို့လိုတာ ပေါ့။ ဒါကြောင့် ကိုယ်ပြောလိုက်တဲ့၊ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်က ယုံကြည်မှု တွေ တိုးတက်လာမလား၊ပူးပေါင်းဆောင်ရွက်မှုတွေ ရနိုင်မလားဆိုတာကတော့ ပြောကြဆိုကြတဲ့လူတွေ စဉ်းစားကြဖို့ပါပဲ။ ကျွန်တော်တို့ကတော့ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုပါဘူး””ဟု ပြောကြား သွားသည်။ 

မောင်ကျော်
Hot News Journal 

No comments:

Post a Comment

My Blog List