Tuesday, May 20, 2014

NLD ခရိုင်ဥက္ကဌ ပါးရိုက်သည့်ကိစ္စ မဟုတ်မှန်ကြောင်း ရှင်းလင်း


ဧရာဝတီတိုင်းဒေသကြီးဒေသကြီး ဖျာပုံခရိုင်၊ဖျာပုံ-ဒေးဒရဲ လမ်းပေါ်ရှိမြို့ဝင်ကြေးကောက်ခံသော ဂိတ်စခန်း ၌ ပြီးခဲ့သည့်ဧပြီ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမျိုးသားလွှတ်တော်အမတ် ဦးသိမ်းဆွေ က မြို့ဝင်ကြေးကောက်ခံနေသူအား ပါးရိုက်ခဲ့သည်ဟုအင်တာနက်စာမျက်နှာတွင်ပျံနှံလျက် ရှိသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဦးသိမ်းဆွေက ပြောကြားသည်။

“ကျွန်တော်က လွှတ်တော်အမတ်တစ်ယောက်ပါ၊ ကျွန်တော်ပြောဆိုလုပ်ဆောင်သမျှက ကျွန်တော့်ပါတီကို လည်း ထိခိုက်နိုင်ပါတယ်၊ အဖေနဲ့ အမေကကျောင်းဆရာ၊ ဆရာမတွေပါ ကျွန်တော်ကိုယ်တိုင်လည်း ကျူရှင် ဆရာတစ်ယောက်လုပ်ခဲ့တာပါ ဒီလိုအပြုအမူမျိုးကို ဘယ်တုန်းကမှမလုပ်ခဲ့ပါဘူး”ဟုယမန်နေ့က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိမ်းဆွေ က  ပြောသည်။

မြို့ဝင်ကြေးတစ်ရက်တည်း နှစ်ကြိမ်ကောက်ခံခြင်းနှင့်ပတ်သတ်၍ ဦးသိမ်းဆွေက ငွေကောက်ခံသူ တာဝန်ခံကို  အရေးယူဆောင်ရွက်ပေးရန်ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး လိုင်စင်ရလုပ်ငန်းရှင် ဦးပေါ်ထွန်း အား နောင်မဖြစ်ရန် ပြောဆိုဆုံးမဖို့အသိပေးခဲ့သည်ဟု သိရသည်။

လူမှုရေးကိစ္စရပ်များအတွက် ဖျာပုံ၊ ဘိုကလေး၊ကျိုက်လတ်မြို့များသို့သွားရောက်ကာ ဒေသတွင်းပြသနာ များကို ဌာနဆိုင်ရာ၊ အုပ်ချုပ်ရေး၊ဝန်ကြီးဌာနများသို့တင်ပြတောင်းဆိုရန်ဆောင်ရွက်နေပြီး နယ်မြို့များတွင် အင်တာနက်လိုင်းမကောင်း၍ အင်တာနက်မသုံးဖြစ်သောကြောင့် အင်တာနက် လူမှုကွန်ယက် တွင်ပျံနှံနေသောသတင်းကို မသိရှိရကြောင်း ၄င်းကဆက် လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး မြို့ဝင်ကြေးကောက်ခံသော တာဝန်ခံကိုဇော်မျိုးနှင့် မြို့ဝင်ဘီးကောက် လိုင်စင်ရ လုပ်ငန်းရှင်ဦးပေါ်ထွန်းတို့က ၎င်းတို့၏ မချေမငံပြောဆိုဆက်ဆံခဲ့မှုနှင့်  မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ဦးသိမ်းဆွေထံ စာပို့ထားကြောင်းလည်း သိရသည်။

ချမ်းမင်းဟန်
The Myanmar Age

No comments:

Post a Comment

My Blog List