Wednesday, May 21, 2014

စစ်ပွဲလုံးဝမဖြစ်ရေး တာဝန်ယူပေးရန် အဖွဲ့ ၇၀ ကျော် တောင်းဆို



စစ်ပွဲတွေ လုံးဝထပ်မဖြစ်ရေး တာဝန်ယူပေးဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အဓိက ပါဝင်ဦးဆောင်သူတွေကို လူမှု ကွန်ရက်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ၇၀ ကျော်က ကြေညာချက် ၁၀ ခု ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အဓိက ပါဝင်ဦးဆောင်သူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(အန်စီစီတီ)တို့ကို တောင်းဆိုလိုက်တာဖြစ်ပြီး တောင်းဆိုချက်တွေထဲမှာ ကချင်၊ တအာင်းပလောင်ဒေသနဲ့ ရှမ်းပြည် နယ် စတဲ့ဒေသတွေမှာ ထိုးစစ် ပြင်ဆင်နေတာတွေ၊ စစ်အင်အားတိုးချဲ့နေတာတွေ ထိုးစစ်ဆင်နွှဲနေတာတွေကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး အစိုးရနှင့်သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲတွေ အရေးပေါ် ဆွေးနွေးဖို့၊ စစ်ရှောင်စခန်းတွေနားမှာ နေရာယူထားတဲ့ လက်နက်ကိုင် တပ်တွေကို ဖယ်ရှားပေးဖို့၊ စစ်ဘေး ဒုက္ခသည်တွေကို ဘေးကင်းရာ နေရာချထားနိုင်ဖို့နဲ့ စားဝတ်နေရေး ကူညီပေးနိုင်ဖို့၊ အရပ်ဘက် အဖွဲ့အစည်းတွေကို ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်တဲ့ ရိုးသားပြီး ပွင့်လင်းမြင်သာတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေကို အမြန်ဆုံးပြုလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်း သား အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ ဆွေးနွေးပွဲ ကျင်းပနေတဲ့ Myanmar peace center (MPC ) မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List