Friday, May 23, 2014

တပ်မတော်မှအာဏာသိမ်းကို ဆန့်ကျင်သည့်လှုံ့ဆော်မှုများရေးသားပါက မည်သည့်လူမှု ကွန်ရက်ကိုမဆိုပိတ်မည်ဟု ထိုင်းအာဏာသိမ်းအဖွဲ့က သတိပေး


လူမှုကွန်ရက်များတွင် တပ်မတော်မှအာဏာသိမ်းမှုနှင့် တပ်မတော်ခေါင်းဆောင်များကို ကိုဝေဖန်ပြော ဆိုခြင်း(သို့) ဆန့်ကျင်ခြင်း အစရှိသည့် ဖော်ပြမှုမျိုးရှိပါက မည်သည့်လူမှုကွန်ရက်ကိုမဆိုပိတ်မည်ဖြစ် ကြောင်း အာဏာသိမ်းအဖွဲ့ကယနေ့သတိပေးသည်။

"လူမှုကွန်ရက်ကို အသုံးပြုသူတွေအနေနဲ့ အာဏာသိမ်းကောင်စီကိုဝေဖန်တာမျိုး ဆန့်ကျင်တာမျိုး လက်ရှိ ဥပဒေကိုချိုးဖောက်တာမျိုးတွေဖြစ်အောင်လှုံ့ဆော်တဲ့စာသားမျိုးတွေ မရေးကြပဲ ပူးပေါင်းဆောင်ရွက်ပေး ကြစေချင်ပါတယ်။ 

တစ်ကယ်လို့ မလိုက်နာပဲဆန့်ကျင်တာတွေကို တွေ့ရင် လူမှုကွန်ရက် ၀န်ဆောင်မှုကို ချက်ခြင်းပိတ်ပစ်ပြီး၊ သက်ဆိုင်သူကိုလဲ ချက်ခြင်းဆင့်ခေါ်တရားစွဲမှာပါ"ဟုလည်း အာဏာသိမ်းကောင်စီမှဆိုသည်။

ထိုင်းနိုင်ငံတွင် Twitter နှင့် facebook လူမှုကွန်ရက်တို့ကို အထူးပင်လူကြိုက်များကာ သုံးစွဲသူလည်း အလွန် များပြားပါသည်။

ref: AFP
Popular Myanmar News Journal

No comments:

Post a Comment

My Blog List