Thursday, May 22, 2014

ထိုင်းနိုင်ငံတွင် ၁၉ ကြိမ်မြောက် စစ်တပ်မှနိုင်ငံတော်အာဏာသိမ်း



ထိုင်းနိုင်ငံတွင် စစ်ဥပဒေကြေငြာပြီးနောက် မေလ ၂၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်မှစ၍ ထိုင်းဘုရင့် ကြည်း၊ရေ၊လေ တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ နိုင်ငံတော်အာဏာသိမ်းပိုက်လိုက်ကြောင်း တပ်မတော်စစ်ဦးစီးချုပ်မှ ထိုင်းရုပ်မြင်သံကြား လိုင်းတွင် တရားဝင်ကြေငြာလိုက်သည်။
ထိုင်းပြည်သူလူထုတို့ ပုံမှန်အတိုင်းလှုပ်ရှားသွားလာနေထိုင်စားသောက်ရန်နှင့် နိုင်ငံတော်လုံခြုံရေးအတွက် ချထားသော စစ်တပ် ရဲများမှလည်း အထက်အမိန့်မရဘဲ သေနတ်တချက်မျှမဖောက်ရန် ၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများလည်း ပုံမှန်လုပ်ဆောင်နေသည့်လုပ်ငန်းများကို ဆက်လက်ဆောင် ရွက် သွားရန် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေး ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချားက အမိန့်ထုတ်ပြန်လိုက်ပါသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံတော်အာဏာအား ၁၉ ကြိမ်မြောက် စစ်တပ်မှအာဏာသိမ်းခြင်းဖြစ်ပါသည်။ 

Panglong(Burmese)

No comments:

Post a Comment

My Blog List