Monday, May 19, 2014

မြောက်ကိုးရီးယားရဲ့ ပထမအကြိမ် တောင်းပန်မှု လူအများကို အံ့အားစေခဲ့



မြောက်ကိုးရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယမ်းမြို့ရှိ အထပ် ၂၃ ထပ်ရှိတဲ့ အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံက လူသိရှင်ကြား တောင်းပန်စကားပြောလိုက်တဲ့အပေါ် အံ့အားသင့်နေကြပါတယ်။အဆောက်အဦး ဆောက်လုပ်ရေးမှာ သေခြာ စောင့်ကြပ် စစ်ဆေးတာတွေ မလုပ်ခဲ့တဲ့အတွက် အခုလို ဖြစ်ရတဲ့ အကြောင်း မြောက်ကိုးရီးယား ဝန်ကြီးတွေက ဝန်ခံထား တဲ့အကြောင်း မြောက်ကိုးရီးယား အစိုးရပိုင် သတင်းမှာ ဖော်ပြ ထားပါတယ်။
မြောက် ကိုးရီးယားအနေနဲ့ အခုလိုမျိုး ဝန်ခံစကားပြောတာဟာ ကြုံတောင့်ကြုံခဲ ဖြစ်နေတဲ့ အတွက် တချို့ကလည်း မယုံတဝက် ယုံတဝက် ဖြစ်နေကြပါတယ်။

သတင်းစာထဲမှာ အဆောက်အဦး ပြိုကျတဲ့အတွက် တောင်းပန်တယ်လို့ ပြောထားပေမယ့် လူဘယ်နှစ်ယောက် သေဆုံး သွားတယ်ဆို တာမျိုး ထည့်မပြောထားပါဘူး။ လူအမြောက်အများ သေဆုံးလိမ့်မယ်လို့တော့ ယူဆနေကြပါတယ်။

အဲဒီအဆောက် အဦးအတွင်း အိမ်ထောင်စု ၁၀၀ လောက် နေထိုင်ကြတယ်လို့လည်း သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List