အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ အဆိုတင်သွင်းသော အမျိုးစောင့်ဥပဒေအား မြန်မာနိုင်ငံ အမျိုးသမီးလူ့အခွင့်အရေးအဖွဲ့နှင့် အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်း ၉ဝ ကျော်က ကန့်ကွက်သည့်ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် နန်းရှေ့ဘောလုံးကွင်းတွင် မေ ၁၈ ရက်၊မနက် ၈နာရီမှ ၉နာရီခွဲအထိ ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဆရာတော်ကြီးတွေနဲ့ကျွန်မတို့တွေကြိုးစားအားထုတ်နေတဲ့ မျိုးစောင့်ဥပဒေ ပေါ်ထွက်လာရေးအတွက် သမ္မတကြီးက ကော်မရှင်ဖွဲ့ပြီးဥပဒေကြမ်းရေးဆွဲတဲ့အပေါ်အမျိုးသမီးလူ့အခွင့်အရေးနဲ့ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေက တစ်ဖွဲ့ကိုတစ်ယောက်ဖွဲ့တာလားနှစ်ယောက်ဖွဲ့တာလား ကျွန်မ မသိပါဘူး မျိုးစောင့် ဥပဒေကိုအမျိုးသမီးအခွင့်အရေးဆိုပြီးကန့်ကွက်နေတဲ့အတွက်ကြောင့် ကျွန်မတို့အမျိုးသမီးအကုန်လုံးက ကန့်ကွက်တာမဟုတ်ပါဘူး ကျွန်မတို့ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတိုင်းအတွက်လိုအပ်လို့ ကျွန်မ ဒီစင်မြင့်ပေါ်မှာ တက်ရောက်ဟောပြော ရခြင်းဖြစ်ပါတယ်” ဟုဝံသာနုဒီမိုကရက်တစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာကပြောသည်။
” ဒီမိုကရေစီအပြည့်အဝရရှိတဲ့ နိုင်ငံကြီးတွေမှာတောင် ဒီအခွင့်အရေးတွေကို ကြူးလွန်နေကြပြီး၁၇ရက်နေ့ Eleven သတင်းစာမှာပါတဲ့ ကိုယ်ဝန်ရှိ့အစ္စလမ်အမျိုးသမီးတစ်ယောက်က ခရစ်ယန်ဘာသာထဲကို ကူးပြောင်းလို့ ကိုအာန် တရားရုံးကသေဒဏ်ချလိုက်တာ လူ့အခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်တယ်၊လူအခွင့်အရေးပေတံနဲ့ တိုင်းပြီး မျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြခြင်းဟာ စဉ်းစားစရာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါပွဲကို ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပင်လယ်တွင်ကျင်းပသော ခြေဥပြင်ဆင်ရေး ဟောပြော ပွဲနှင့်တစ်ရက်တည်းကျင်းပခဲ့ပြီး လူအင်အား၃၀၀ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမင်းဟန်
The Myanmar Age
No comments:
Post a Comment