Thursday, May 22, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းကို စဉ်ဆက်မပြတ် စစ်ဆေးရန် နိုင်ငံတော်သမ္မတညွှန်ကြား



ယာဉ်တိမ်းမှောက်မှု မကြာခဏဖြစ် ပွားလျက်ရှိသော ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်အန္တရာယ်ကင်းရှင်း ရေး စဉ်ဆက်မပြတ်စစ်ဆေးရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်က မေ ၁၉ ရက် အမြန် လမ်းတစ်လျှောက် လမ်းတံတား အခြေအနေ များကိုကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် မူလရှစ်လမ်းသွားတည်ဆောက်ထားသည့် ခပေါင်းတံတား တည်ဆောက်ထားမှုအခြေအနေ၊ လမ်းမကြီး ကတ္တရာထပ်ပိုးလွှာခင်းနေမှုအခြေအနေ မိုင်တိုင်အမှတ် ၁၉၇/၅ ရှိ မီးရထားလမ်း ကျော်တံတား အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး တံတားများအား ရှစ်လမ်းသွား တိုးချဲ့ရန် အမြန်လမ်းအား လေးလမ်းသွား မှ ခြောက်လမ်းသွားတိုးချဲ့ရန် ဂျပန်အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင် စီ(JCA)၏တိုင်းတာချက်များအရ ဦးစား ပေးပြုပြင်ရမည့် လမ်းမကြီး၏ခြောက်ရာခိုင် နှုန်းကို အမြန်ပြုပြင်ရန် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါအမြန်လမ်းမကြီးကို စတင်ဖွင့် လှစ်ခဲ့သည့်အချိန်မှယခုအချိန်အထိ ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှုများကြောင့် ၃၆၇ဦး သေဆုံးခဲ့ပြီး ၂ဝ၁၄ ခုနှစ် နှစ်စမှယခုထိ ငါးလအတွင်း ယာဉ်တိုက်မှု ၁၂မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (USAID)၊ အမေရိကန်နိုင်ငံမှ့ှဗှီု စသည့်အဖွဲ့ များထံမှ နည်းပညာအကူအညီများ ရယူ လျက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အဆင့်သုံးဆင့်ဖြင့် နိုင်ငံတကာအဆင့် မြှင့်တင်ရန် အစိုးရမှဆုံးဖြတ်ခဲ့ပြီး ပထမအ ဆင့်အနေဖြင့် တံတားများပြုပြင်ခြင်း၊ အဆင့် မြှင့်တင်ခြင်း၊ လေးလမ်းသွားမှရှစ်လမ်းသွား အထိ ချဲ့ထွင်ဖောက် လုပ်ခြင်း ဒုတိယအ ဆင့်လမ်းမကြီးအား ရှစ်လမ်းသွားအဖြစ် တိုးချဲ့ခြင်း တတိယအဆင့်စီစီတီဗီကင်မရာ များတပ်ဆင် ကာ ယဉ်သွားလာမှုများအား ဗဟိုထိန်းချုပ်စနစ်ဖြင့် စောင့်ကြည့်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List