အိမ်ထောင်စု စာရင်းနှင့် လူဦးရေ စာရင်း ဇယားများကို လက်ရှိအချိန်ထိ ထုတ်ပြန်မှု လုံးဝမရှိသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်သူ့ အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီကပြောသည်။“အပြင်မှာ ရန်ကုန်မှာ ဘယ်လောက်ရှိပြီ မန္တလေးမှာ ဘယ်လောက် ရှိပြီပြော နေရေးနေကြတယ် အဲဒါ အမှားကြီးပါ”ဟု၎င်းကဆိုသည်။
ထို့ပြင် ထိုကဲ့သို့ပြောဆိုနေမှုများကိုလည်း ၄င်းတို့အနေနှင့် အတိအလင်းငြင်းဆိုကြောင်း လူဦးရေစာရင်း များကိုလည်း ထုတ်ပြန်ကြေငြာခြင်း မရှိသေးကြောင်း ၄င်းကထပ်လောင်းပြောသည်။
ဆက်လက်ပြီး ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုး ကလည်း “၈လပိုင်းမှာတော့ ထုတ်ပြန်ဖို့ရှိတယ် အဲဒါက အကြမ်းမျဉ်းနဲ့ အနီးစပ်ဆုံးဖြစ်မယ် ဒါပေမဲ့မှားနိုင်သေးတယ်”ဟု ၄င်းက ဆိုသည်။
လာမည့်နှစ် ပထမနှစ်ဝက်တွင် ထုတ်ပြန်သော စာရင်းမှ သာအမှန်ဖြစ် မည် ဖြစ်ပြီး စာရင်းနှစ်ခုစလုံးကို ထုတ်ပြန်ကြေငြာသွား မည်ဖြစ်သည်။
Popular Myanmar News Journal

No comments:
Post a Comment