Friday, May 23, 2014

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ တို့၏ ပူးတွဲ သတင်းထုတ်ပြန်ချက်







၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့မှ ဒုတိယအဖွဲ့ ခေါင်းဆောင်(၁) ပဒိုစောကွယ် ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်း (Single Text Draft) ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ခုနှစ်မေလ(၂၁)ရက်နေ့မှ(၂၃) ရက်နေ့ထိ ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၌ ၃ ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

၂။ နှစ်ဘက်ကိုယ်စားလှယ်များသည် ၂၀၁၄ခုနှစ်၊ဧပြီလ(၅)ရက်နေ့မှ(၈)ရက်နေ့အထိ ပြုလုပ်ခဲ့ သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သည့် ပထမမူကြမ်း (Single Text Draft)ပါ အခန်း(၇)ခန်းမှ ထပ်မံဆွေးနွေး ညှိနှိုင်းရမည့်အချက်များကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဘက်သဘောတူ ညီချက်များရရှိကာ ဒုတိယမူကြမ်းကို အတည်ပြု နိုင်ခဲ့သဖြင့် တိုးတက်မှုများရရှိခဲ့ပါသည်။

၃။ နောက်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ခုနှစ် ဇွန်လအတွင်း ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ ထပ်မံတွေ့ဆုံညှိနှိုင်း ကြရန် သဘောတူကြပါသည်။

၎။ နှစ်ဘက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေးအတွက် သဘောတူ စာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

Myanmar Peace Center

No comments:

Post a Comment

My Blog List