မေ ၁၇ ရက်နေ့က တာမွေ မြို့နယ်၊ ဗိုလ်စိန်မှန်ကွင်း၌ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလူထု ဆန်္ဒခံယူပွဲတွင် ပြည်သူလူထုသည် စည်းကမ်းရှိပြီးသားဖြစ်သည့်အတွက် စည်းကမ်းထိန်း အခြေခံဥပဒေမျိုး လုံးလုံးမလိုကြောင်းနှင့် တိုင်းပြည်၏သယံဇာတတောင်တန်းကြီးများ နှင့် မိခင်ဧရာဝတီ အတွက်အခြေခံဥပဒေပြင်ပေးရန်လိုကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်း ဆောင် ကိုမင်းကိုနိုင်ကပြောကြားလိုက်သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ ၀င်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များနှင့် ပြည်သူလူထုလေးသောင်း ကျော်ခန့်တက်ရောက်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အပါအ၀င်ဒီမိုကရေစီ စံနှုန်းမညီသည့်ဥပဒေမှန်သမျှ ပြင်ဆင်ပေးရန် ဆန္ဒပြုခဲ့ကြသည်။
ပြည်သူလူထုသည်စည်းကမ်း ရှိရုံသာမကဘဲတွေးခေါ်မြော်မြင် မှုလည်းရှိကြောင်း၊ မည်သည့်အဖွဲ့ အစည်းမည်သည့်ပုဂ်္ဂိုလ်များက ပြည်သူလူထုနှင့် ကံတူအကျိုးပေး တစ်သားတည်းရှိလဲဆိုသည်ကို ပြည်သူက သိရှိကြောင်းကိုမင်းကိုနိုင် ကပြောကြားလိုက်သည်။
“ဒီနေ့ရောက်လာတဲ့ပြည်သူ လူထုကြီးဟာခြိမ်းခြောက်တာကို ကြောက်ရလို့စိတ်မပါဘဲရုပ်သက် သက်ရောက်လာကြတာမဟုတ်ဘူး။ အကြောက်တရားကြောင့် လောဘ ကြောင့်ရောက်လာတာလည်း မဟုတ်ဘူး။ မတရားတဲ့လူမှုပဋိညာဉ်တစ်ခု ကိုပြင်ဆင်ဖို့ရောက်လာကြတာ၊ အရေအတွက်ပြဖို့လည်းမဟုတ် ဘူး။ တကယ်လို့သာအရေအတွက် ပြရမယ်ဆိုရင်စည်ပင်သာယာ နယ်နိမိတ်တစ်ခုလုံးလူပင်လယ်ကြီး ဖြစ်သွားအောင်ဒီလူတွေကဖန်တီး နိုင်ပါတယ်။ လိုအပ်ရင်အင်အား ပြတာမျိုးကျွန်တော်တို့ပြည်သူတွေ က စွမ်းဆောင်နိုင်တယ်။ အင်အား တွေပြလည်းပြခဲ့ပြီးပါပြီ။ ဒီနေ့ ကျွန်တော်တို့ကပြည်သူလူထုရဲ့ အရည် အချင်းကိုပြချင်တာပါ။ ပြည်သူလူထုစည်းကမ်းရှိပြီးသားပါ။ အဲဒီတော့ပြည်သူလူထုစည်းကမ်း မရှိတဲ့အတွက် စည်းကမ်းထိန်းအခြေ ခံဥပဒေမျိုးလုံးလုံးမလိုဘူးဆိုတာ ထင်ရှားနေပါပြီစည်းကမ်းရှိရုံတင် မကပါဘူး။ တွေးခေါ်မြော်မြင်မှု လည်းရှိပါတယ်။ ပြည်သူလူထုက စကားလုံးအားဖြင့်နိုင်ငံရေးဝေါဟာ ရတွေနဲ့မပြောနိုင် တာသာရှိပါလိမ့်မယ်။ ဘယ်အဖွဲ့အစည်းဘယ်ပု ဂ်္ဂိုလ်တွေကဖြင့်တစ်သက်လုံးငါတို့ လည်ပင်းတက်နင်းလာ သလဲဆို တာသိနေပါပြီ”ဟုကိုမင်းကိုနိုင်က ဆိုသည်။
မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ်္ဂိုလ်များက ပြည်သူငိုလျှင် သူတို့လည်းမျက်ရည်ကျကြောင်း ပြည်သူပျော် လျှင်သူတို့လည်းဝမ်း သာကြောင်း၊ ၎င်းပုဂ်္ဂိုလ်များမှာ မည်သူတွေဖြစ်ကြောင်းကိုပြည်သူ ကသိကြောင်း၊ မည်သည့်ဥပဒေ မည်သည့်စာပိုဒ်များကပြည်သူကို နဖားကြိုးထိုးထားခြင်းကိုလည်းသိ ရှိကြောင်း ၎င်းကရှင်းလင်းတင်ပြသည်။
“တိုင်းအဆင့်ရှိတဲ့ပုဂ်္ဂိုလ် တစ်ဦးကပြောပါတယ်။ အခြေခံဥပဒေပြင်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာအဲဒီအချိန်ကနိုင်ငံရဲ့ထိပ်တန်းပုဂ်္ဂိုလ်တွေပါခဲ့တယ် လို့ဆိုပါတယ်။ အဲဒီအချိန် က ကျွန်တော်တို့တွေထောင်ထဲမှာပါ ပြည်သူလူထုချစ်တဲ့ခေါင်းဆောင်လည်း အဲဒီအချိန်မှာအကျဉ်းကျနေ တာပါ။ ဒါဆိုရင်ထိပ်တန်းပုဂ်္ဂိုလ် ဆိုတာဘယ်လိုလူတွေလဲ။ပြည်သူ လူထုကိုကိုယ့်သွေးကိုယ့်သားလို သဘောထားရမယ့်အစားအကြမ်း ဖက်နှိမ်နင်းတဲ့နေရာမှာထိပ်တန်း ကျတဲ့ပုဂ်္ဂိုလ်တွေလား။ တိုင်းပြည် သယံဇာတတွေကိုဈေးပေါပေါနဲ့ ရောင်းချတဲ့နေရာမှာ ထိပ်တန်းကျတဲ့ပုဂ်္ဂိုလ်တွေလား”ဟု ရှင်းလင်း ပြတ်သားစွာမေးခွန်းထုတ်လိုက် သည်။
ပြည်သူလူထုကြီးမှာ အမျိုးသားသီချင်းကိုသီဆိုသည့်အခါ ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ် မလေဆိုသည့်အပိုဒ် ရောက်လျှင် မျက်ရည်စို့၍ကျက် သီးမွှေးညင်းထပြီးဆိုခဲ့ကြကြောင်း၊ တရားမျှတမှု၊ ခွင့်တူညီမျှတမှုမရှိ သောပြည်ထောင်စုဖြစ်နေလျှင် အသက်ပေးကာကွယ်ရန်စဉ်းစားရတော့မည်ဖြစ် ကြောင်း၊ အမျိုးသားသီချင်း၏အခြေခံမူဖြင့်ဖွဲ့စည်းပုံကိုပြင်ဆင်ရမည်ဖြစ်ကြောင်းပြောကြားသည်။
“ကျွန်တော်တို့ချစ်တဲ့တောင် တန်းကြီးများနဲ့ မိခင်ဧရာဝတီအတွက်အခြေခံဥပဒေပြင်ပေးကြပါ၊ တိုင်းတပါး သွားပြီး ကျွန်ခံနေ ရတဲ့နှမငယ်တွေအတွက်အခြေခံ ဥပဒေပြင်ပေးကြပါ၊ တွေးခေါ် မြော်မြင်မှုရှိ တဲ့ပြည်သူတွေအတွက် အခြေခံဥပဒေပြင်ပေးကြပါ”ဟု ကိုမင်းကိုနိုင်ကဆိုသည်။
Hot News Journal
No comments:
Post a Comment