Thursday, May 22, 2014

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကြောင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ ခွင့်ပြုမည်မဟုတ်ဟု ကာချုပ်ပြော


နယ်စပ်ဒေသရှိ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကိုအကြောင်း ပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ပြည်တွင်း ရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိ ခိုက်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မေ ၁၉ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံ တော်ကောင်စီဝင်နှင့် အမျိုးသားကာ ကွယ်ရေးဝန်ကြီး General Chang Waquan ဦးဆောင်သော ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနဝက်ဘ်ဆိုက် က ဖော်ပြသည်။

ထို့ပြင် တရုတ်-မြန်မာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ် တည်ဆောက်ထားသည်ကိုလည်း ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့သည်။ 

နယ်စပ်ဒေသများရှိ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးနှင့် ပတ်သက်ပြီးလည်း နှစ်နိုင်ငံပူးပေါင်းဖြေရှင်း မှုများ ဆောင် ရွက်ကာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်သွားမည်ဟု ကာချုပ်က ကတိပြုခဲ့သည်။

အလားတူ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုး သားကာကွယ်ရေးဝန်ကြီး General Chang Waquan လည်း နှစ်နိုင်ငံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအ တွက် တပ်မတော်နှစ်ရပ်၏ ပူးပေါင်း ဆက်ဆံရေးသည် အရေးကြီးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့်လည်း နယ်စပ်ဒေသထာဝရ ငြိမ်းချမ်းရေးရရှိရန်လိုလားသည်ဟု တ ရုတ်ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှ ဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင် အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုး သားကာကွယ်ရေးဝန်ကြီး General Chang Wanquan နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E Mr Yang Houlan တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်မှ အ ရာရှိကြီးများ၊ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Yangon Media Group

No comments:

Post a Comment

My Blog List