Thursday, May 22, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲ ပထမနေ့တွင် အခန်း သုံးခန်း ပြီးစီးသည်အထိ သဘောတူဆွေးနွေး နိုင်ခဲ့၊ ဖက်ဒရယ် အသုံး အနှုန်းနှင့်ပတ်သက်ပြီး နှစ်ဖက်သဘောတူ


မေ ၂၁ရက်ကပြု လုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်း ရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UWPC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာအပစ်အ ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းမှု အဖွဲ့ NCCT တို့၏ဆွေးနွေးပွဲတွင် နှစ်ဖက် ပူးပေါင်း ရေးဆွဲထားသည့် အခန်း ခုနစ်ခန်းပါ အပစအ်ခတ်ရပ်စဲရေး မူကြမ်း၏ အခန်း(၃)ခန်းကိုပြီးစီးသည်အထိ သဘောတူဆွေးနွေးနိုင် ခဲ့ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုကွယ် ထူးဝင်းက ပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်း ရေးစင်တာတွင်ပြုလုပ်ခဲ့သည့် အစိုးရ ၏ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UWPC နှင့် NCCT တို့၏ ဆွေးနွေးပွဲ ပထမနေ့အပြီးတွင် သတင်းမီဒီယာ များအား ပြော ဆိုခဲ့ခြင်းဖြစ်သည်။

''ကျွန်တော် ကိန်းဂဏန်းနဲ့တော့ မပြောတတ်ဘူး။ အများပြောနေကျ သုံးနေကျဖြစ်တဲ့ ရာခိုင်နှုန်း ဘယ် လောက်၊ ဘယ်လောက်တော့ ကျွန်တော်မပြောတက်ဘူး။ တော်တော်များများ နားလည်ပါတယ်။ ဘုံသဘောတူ ညီမှု တွေ၊ နားလည်မှုတွေ ရှိပါတယ်''ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်များ နှစ်ဖက်ပူးပေါင်းရေး ဆွဲ နေသည့် အပစ်အခတ်ရပ်စဲရေးမူကြမ်း တွင် အချက် ၁၂၂ချက်ရှိပြီး ပြီးခဲ့သည့် ဧပြီလဆွေးနွေး ပွဲတွင် အချက် ၇၇ ချက် ကို သဘောတူညီ ခဲ့ပြီးဖြစ် သည်ဟု မေ ၂၁ရက်ဆွေးနွေးပွဲအစ မနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏ပြောကြားချက် အရ သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List