Saturday, May 24, 2014

အခြေခံဥပဒေပြင်ဆင်ရေး ရုပ်ရှင်အနုပညာရှင်တွေ လက်မှတ်ရေးထိုးမည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ အတွက် ရုပ်ရှင် ဒါရိုက်တာတွေနဲ့ အနုပညာရှင်တွေကလည်း ဒီည ၇ နာရီမှာ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် စိတ်ပါဝင်စားသူ အနုပညာရှင်တိုင်း ပါဝင် လက်မှတ်ရေးထိုးနိုင်အောင် စီစဉ်ထားကြောင်း ဒီနေ့ အစောပိုင်းမှာ အာအက်ဖ်အေကမေးမြန်းစဉ် ဒါရိုက်တာ ကြည်ဖြူသျှင်က အခုလို ပြော ပါတယ်။

"၄၃၆ ပြင်ဆင်ရေးမှာ စိတ်ပါတဲ့ ကျမတို့ အနုပညာသမားတွေပေါ့နော်၊ အဲ့ဒါကို ကျမတို့ လက်မှတ်ထိုးမယ်ပေါ့၊ပထမအဆင့်ကတော့ ကျမတို့ အခုက လက်မှတ်ထိုးတဲ့ အစီအစဉ်ကို NLD နဲ့ ၈၈ ပူးပေါင်းပြီးလုပ်တာကို ကျမတို့ အနုပညာသမားတွေလည်း လက်မှတ်ထိုးပြီးတော့ ပါဝင်ကြ မှာပေါ့၊ နောက်တဆင့်တော့ ဒီဘယ်လိုလှုပ်ရှားမှု ရှိမှုလဲပေါ့ ရှိတဲ့ပေါ်မူ တည်ပြီး ကျမတို့ လှုပ်ရှားမှုတိုင်းမှာ ပါဝင်ဖို့ အဆင်သင့်ပါ"

လာမယ့် မေလ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၁၉ရက်နေ့အထိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေကို နေပြည်တော် မြို့နယ် ၅ မြို့နယ်ကနေစတင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်တွေ ကို ကောက်ယူသွားမယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List