Saturday, May 24, 2014

မေမြတ်နိုး၊ ဂျူးစံသာ တို့ရဲ့ ဘီကီနီစတိုင်










အလှမယ် မေမြတ်နိုး၊ ဂျူးစံသာတို့ရဲ့ ဘီကီနီစတိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပုံတွေကို နိုင်ငံတကာ မယ်ပြိုင်ပွဲကြီးတွေလုပ်တဲ့ Missosology အွန်လိုင်းကနေ ကူးယူထားတာပါ။

အလှမယ် မေမြတ်နိုးက Miss Asia Pacific World 2014 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်နေပါပြီ။

တနင်္လာ ကတည်းက   တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကြီးမှာ ကျင်းပနေတာပါ။ 

သူကတော့  Miss Globe International 2014 ဆိုတဲ့ ပြိုင်ပွဲကို ရှေ့လလယ်ပိုင်း အဇာဘိုင်ဂျန်နိုင်ငံမှာ သွားပြိုင်မယ်လို့ သိရပါတယ်။   

သူတို့နှစ်ယောက်ရဲ့ သတင်းတွေကို ပုံနှိပ်မီဒီယာတချို့မှာ ပုံမှန် ဖော်ပြမှု ရှိပေမယ့် အွန်လိုင်းမီဒီယာ မှာတော့ သိပ်မတွေ့ရပါ။

နိုင်ငံတကာကို မြန်မာအလှမယ်တွေ မကြာခဏသွားရောက်နေတာကြောင့် မီဒီယာတွေ သွေးအေးသွား တာလည်း ဖြစ်နိုင်ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List