Tuesday, May 20, 2014

သြစီအစိုးရ ဘတ်ဂျက်လျော့ချမှု အပေါ် ဘဏ္ဍာရေးဝန်ကြီးရဲ့ တုန့်ပြန်ချက်



အစိုးရရဲ့ နိုင်ငံတော်အသုံးစရိတ် လျှော့ချမယ့် အစီအစဉ်ကို လက်မခံနိုင်ဘူးဆိုရင် အနာဂတ်မှာ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးက ပြောလိုက်ပါတယ်။အစိုးရကနေ နိုင်ငံတော် အသုံးစရိတ် အစီအစဉ်ကို ချပြပြီး တဲ့နောက် ဆန့်ကျင်သူတွေ များပြားသလို အစိုးရ ကြိုက်နှစ်သက်မှု စစ်တမ်း ကောက်ခံရာ မှာလည်း ကြိုက်နှစ် သက်မှုနှုန်း လျော့ကျသွားပါတယ်။
စစ်တမ်းနှစ်ခုမှာ ဖော်ပြချက်အရ အခုဆိုရင် အစိုးရဖြစ်နေတဲ့ ညွန့်ပေါင်း ပါတီအပေါ် ထောက်ခံမှု လျော့ကျသွားပြီး အတိုက်အခံ လေဘာပါတီကို ကြိုက်နှစ် သက်မှု ပြသလာသလို အတိုက်အခံ ခေါင်းဆောင် ဘီလ်ရှော့တန် ကိုလည်း ဝန်ကြီးချုပ် တိုနီအာဘော့တ် ထက် ကြိုက်နှစ်သက်ကြောင်း ပြသနေပါတယ်။

အစိုးရကတော့ အခုလို အသုံးစရိတ်လျှော့ချလိုက်တဲ့အတွက် နစ်နာမှုတွေ ဖြစ်မယ်ဆိုတာကို သိနေပေမယ့် ရွေးချယ်စရာ လမ်းမရှိတော့ တဲ့အတွက် အခုလို ဆုံးဖြတ်ချက်ချလိုက်ရတာလို့ တုန့်ပြန်ထားပါတယ်။ ဒီလိုမှ မလုပ်ရင် အနာဂတ်မှာ ဒီထက်ဆိုးဝါးနိုင်တယ်လို့ ပြောတဲ့အကြောင်း ကင်ဘာရာမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List