Tuesday, May 20, 2014

ပရိသတ်တွေအနေနဲ့အနုပညာသမားတွေကို အထင်သေးသွားမှာ စိုးရိမ်နေတဲ့ မိုးယုစံ


မိုးယုစံက ဟိန်းဝေယံနဲ့လတ်တလောမှာ ဇာတ်ကားရိုက်ကူးနေပါတယ်။ မိုးယုစံအနေနဲ့ ဇာတ်ရုပ် အငြိမ်လေးတွေ အရိုက်များသလို လူငယ်ဇာတ်ရုပ်အတွက် သရုပ်ဆောင်တဲ့အခါ အမြဲသတိထားပြီး လုပ်ဖြစ်တဲ့ အရာရှိတယ်လို့ ဆိုပါတယ်။

" ဇာတ်ကားတွေရိုက်တဲ့အခါ ဇာတ်ရုပ်နဲ့ အလိုက်ဝတ်ရ တာတွေရှိတယ်။ ခေတ်နဲ့အညီ ဝတ်ရတယ် ဆိုပေမယ့်လည်း အတိုအပြတ်တွေ မဝတ်ပါဘူး။ တချို့လူငယ်ကားတွေဝတ်လို့ ရပေမယ့် အပြင်က သဘာဝ အနေနဲ့ဆို ဒီလို တွေဝတ်ကြမှာမဟုတ်ဘူးလေ။ အပြင်သဘာဝနဲ့ယှဉ်ပြီးပဲဝတ်ဖြစ်တယ်။ ကြည့်တဲ့ ပရိသတ်တွေအနေနဲ့ ကိုယ့်အနုပညာ သမားတွေကို အထင်သေးမှာလည်းစိုးတယ်။ ကားရိုက်တိုင်းမှာ အဝတ်အစားကို အမြဲဂရုစိုက်ဖြစ်တယ်"လို့ ဇာတ်ကားရိုက်ကူးမှုမှာ အဝတ်အစားရွေးချယ်မှုအပိုင်းကို မိုးယုစံက ပြောပြပါတယ်။ 

အနုပညာအလုပ်တွေကို တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးကြိုးစားသလို ကိုယ်လုပ်တဲ့အလုပ် တစ်ခုကို တန်ဖိုးထားတဲ့ မိုးယုစံက အနုပညာရှင်ဖြစ်တဲ့အတွက် ပရိသတ်တွေ အတုယူမမှားအောင် ဂရုစိုက်ဖြစ်တယ် လို့ ဆို ပြန်ပါတယ်။ 

" ပရိသတ်တွေဆိုတာ အနုပညာရှင်တွေကို အမြဲတမ်းကြည့်နေတာလေ။ နယ်ကပရိသတ်တွေဆိုရင် သူတို့ကြိုက်တဲ့ အနုပညာရှင်တွေဆို လိုက်ပြီး အတုယူလုပ်တတ်ကြတယ်။ အဲဒီအတွက် ကိုယ်ကလည်း ပရိသတ်တွေအတွက် ဂရုစိုက်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိတယ်။ အဲဒီ အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းရမှာလေ။ ကိုယ်ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာလေ။ ဇာတ်လမ်းဆိုတာကလည်း ကိုယ့်ကိုလာပေးတဲ့ ဇာတ်ပေါ်မှာလည်း မူတည်သေးတယ်လေ" လို့ မိုးယုစံက ပြောပြခဲ့ပါတယ်။ 

မေမွန်မောင်
Popular Journal

No comments:

Post a Comment

My Blog List