Monday, May 19, 2014

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး NLD ကပြည်သူလူထု၏ ဆန္ဒပြု လက်မှတ်များကောက်ခံမည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ပူးပေါင်း ၍ ပထမဆုံးအကြိမ်လူထုဟောပြော ပွဲကိုရန်ကုန်၊ တာမွေမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်း၌ မေလ (၁၇) ရက် နံနက်ပိုင်းတွင်ကျင်းပ ရာNLD  ကပြည်သူလူထု၏ဆန္ဒပြုလက်မှတ် များကိုတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကောက်ခံသွားမည်ဟုပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွငNLD  ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း မှ မင်းကိုနိုင် တို့ကဦးဆောင်ဟော ပြောခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရန် တစ်နိုင်ငံလုံးရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲများနှင့် အဖွဲ့ဝင်တို့ထံတွင် ဆန္ဒ ပြုလက်မှတ်များ ထားရှိကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

““ဥပဒေနဲ့ညီညွတ်ဖို့အတွက် ပြည်သူလူထုကြီးက ဒီအချက် လေးတွေကိုတော့သတိထားဖို့လို ပါတယ်၊ နံပါတ် (၁) ကအားလုံး သိကြတဲ့အတိုင်းပဲနိုင်ငံသားဖြစ်ရ ပါမယ်၊ နံပါတ် (၂) ကတော့နိုင်ငံ သားဖြစ်ပြီးတဲ့ အပြင် အသက် (၁၈) နှစ်ပြည့်ပြီးစိတ်ပေါ့သွပ်တဲ့သူမဖြစ် ဖို့လိုပါတယ်၊ နောက်တစ်ချက်က တော့ လက်မှတ်ရေးထိုးခြင်းအထ မြောက်အောင်မိမိတို့ရဲ့ဆန်္ဒအတိုင်း လာရောက်ပြီးမှ ရေးထိုးဖို့ဖြစ်ပါ တယ်””ဟုဒဂုံဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ မျိုးအောင်ကရှင်းပြခဲ့သည်။

ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင်ရေး  အတွက်ပြည်သူလူထုထံမှဆန်္ဒြုပု လက်မှတ်ရယူရေးလှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

Hot News Journal

No comments:

Post a Comment

My Blog List