Friday, May 23, 2014

ထိုင်းနိုင်ငံမှာ ညမထွက်ရ၊ လူ ၅ ဦးထက်ပို မစုရ အမိန့် ထုတ်ပြန်


ထိုင်းနိုင်ငံမှာ ထိုင်း ဘုရင့်တပ်မတော် စစ်ဦးစီးချုပ်က ယနေ့ ညနေပိုင်းက တိုင်းပြည်ရဲ့ အုပ်ချုပ်မှု အာဏာ အဝဝကို စစ်တပ်က တာဝန်ယူလိုက်ပြီဆိုတဲ့ စစ်တပ်က အာဏာတကယ်သိမ်းလိုက်တာ ကြေညာအပြီး ဒီကနေ့ ညကနေစတင်ပြီး ထိုင်း နိုင်ငံ တ၀န်းလုံးမှာ ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရ အမိန့် ကို ထုတ်ပြန်လိုက်ပါတယ်။ 

အဲဒီအမိန့်ကို နောက်ထပ်အမိန့် တစုံတရာက မပယ်ဖျက်မချင်း ညမထွက်ရအမိန့် ဆက်လက် ရှိနေ မှာဖြစ်ပြီး အခု နောက်ဆုံး ထပ်မံ ထုတ်ပြန်လိုက်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ထုတ်ပြန်တဲ့ အမိန့် ကတော့ ( မနက် ၅ နာရီကနေ ည ၁၀ နာရီအတွင်း ) လမ်းတွေပေါ်မှာ နိုင်ငံရေးဆူပူမှုဖြစ်စေမယ့် လူ ၅ ဦးထက် ပိုပြီး စုဝေးခွင့် မရှိကြောင်း ထုတ်ပြန် ထားပါသေးတယ်။  

ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်က အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေနဲ့ အစိုးရ ထောက်ခံတဲ့ ရှပ်နီ သပိတ်စခန်းတွေကိုလည်း ညနေပိုင်းကပဲ ထိုင်းစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တချို့ကို ဖမ်းဆီး ခေါ် ဆောင်သွားကြတယ်လို့ သိရပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List