Friday, May 23, 2014

တောင်နှင့်မြောက်ကိုရီးယား ၂ နိုင်ငံ ရေတပ်သင်္ဘောများ ပစ်ခတ်မှုဖြစ်




တောင် နဲ့ မြောက်ကိုရီးယား ရေတပ်သင်္ဘောတွေဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ ပင်လယ်ရေပြင်မှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ပြောဆိုပါတယ်။ နှစ်နိုင်ငံအငြင်းပွားနေတဲ့ ရေပြင်အနား ကင်းလှည့်နေတဲ့ တောင်ကိုရီးယားရေ တပ်သင်္ဘောကို မြောက်ကိုရီးယားရေ တပ်သင်္ဘောက အရင် ပစ်ခတ်ခဲ့တာဖြစ်ပြီး သင်္ဘောကိုထိမှန်ခဲ့ခြင်းတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။
တောင်ကိုရီးယားရေ တပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း နှစ်ဖက်ထိခိုက် မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုတွေမဖြစ်ခင် အရင်တရက်ကလည်း မြောက်ကိုရီးယားကင်းလှည့်သင်္ဘော ၃ စင်းကို တောင်ကိုရီးယားရေတပ် က ခြိမ်းခြောက်ပစ်ခတ်ခဲ့ပါသေးတယ်။

နှစ်နိုင်ငံရေတပ်တွေဟာ နယ်နိမိတ်အငြင်းပွားမှုတွေနဲ့ ၁၉၉၉၊ ၂၀၀၂ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ နှစ်နိုင်ငံ ရေတပ်တိုက်ခိုက် မှုတွေဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလမှာ တောင်ကိုရီးယားတပ်တွေ တပ်စွဲထားတဲ့ နှစ်နိုင်ငံနယ်စပ်က ရွဝ်ဖုန်းကျွန်းပေါ် မြောက်ကို ရီးယားက အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယားနိုင်ငံသား ၄ ဦးသေဆုံးခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List