Wednesday, May 21, 2014

လတ်တလော ဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံ အခြေအနေအပေါ် ပြည်တွင်းရေး ကိစ္စအဖြစ်သာ ရှုမြင်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား


လတ်တလော ဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံ အခြေအနေပေါ် ပြည်တွင်းရေး ကိစ္စအဖြစ်သာ ရှုမြင်ကြောင်း ကာကွယ်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က မေ ၂၀ ရက် ညနေ ၃ နာရီခွဲတွင် နေပြည်တော်ဟိုတယ် ရွိုင်ရယ်အေ့စ်ရှိ ခါကာဘိုရာဇီခန်းမတွင် ပြုလုပ်သည့် ၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ပြောကြားခဲ့ခြင်းဖြစ် သည်။ 

“အမှန်ကတော့ ကျွန်တော့်အမြင်အနေနဲ့ဆိုရင် ဒီထိုင်းနိုင်ငံမှာ ဖြစ်နေတယ်ဆိုတာကို သိရပါတယ်။

ကျွန်တော်တို့ အမြင်ရော အာဆီယံရဲ့အခြေခံမူအရ ဆိုတဲ့အတိုင်း ကျွန်တော်တို့ သူ့သက်ဆိုင်ရာ ပြည်တွင်းရေးကိစ္စလို့ မြင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြန်လည်ဖြေ ကြားခဲ့သည်။

ဆက်လက်၍ အဆိုပါသတင်းထောက်က ထိုင်းနိုင်ငံ၏ လက်ရှိအခြေအနေကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်နိုင် မဖြစ်နိုင် မေးမြန်းရာတွင် ကာကွယ်ရေးဝန်ကြီးက “ဒီဟာတော့ ကျွန်တော်တို့ လက်ရှိအနေအထား ကျွန်တော်တို့ နိုင်ငံရေးရဲ့ အနေအထားပေါ်မှာ ဖြစ်မယ်မဖြစ်ဘူး ဆိုတာကိုတော့ ကြိုပြီးပြောလို့ မရပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလဲ အရင် ၁၉၈၈ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ 

သို့သော်လည်း လက်ရှိပြည်သူကို လိုအပ်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ လုပ်နေတယ်။ နောက် ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုလည်း ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ ကျွန်တော်တို့ ပွင့်လင်းစွာ ဖော်ထုတ်နိုင်တယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဆန္ဒပြပွဲတွေကိုလည်း သက်ဆိုင်ရာ စည်းကမ်းစနစ်နဲ့အညီ ပေးထားတဲ့အတွက် ဒီလိုတွေ ကျွန်တော်တို့ ဒီထက်ကြီးထွားမှုဟာမျိုးတွေ မဖြစ်နိုင် ဘဲနဲ့ လွတ်လပ်စွာပြောဆိုခွင့် ရရှိနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ ဖြစ်နိုင် စရာမရှိဘူးလို့ ယုံကြည်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List