Wednesday, May 21, 2014

အစိုးရအဖွဲ့ လစာ ၄ ပုံ ၁ ပုံ လှူကြမည်


သမ္မတ၊ ဒုသမ္မတ နဲ့ ၀န်ကြီး ဒုဝန်ကြီး အပါအ၀င် အစိုးရ ကက်ဘိနက် လူကြီးတွေဟာ မိမိတို့ လစာရဲ့ လေးပုံတစ်ပုံကို မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု လျော့ချရေး ရန်ပုံငွေထဲ ထည့်ဝင်လှူဒါန်းသွားဖို့ ရှိတယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် က သူ့ရဲ့ ဆန္ဒသဘောထားကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး ၀န်ကြီး ဒုဝန်ကြီးတွေ ကလည်း ဆွေးနွေးညှိနှိုင်းပြီးမှ ကိုယ့်သဘောနဲ့ကိုယ် လိုက်ပါထည့်ဝင် အကောင်အထည်ဖော်တာလို့ သူက ဆိုပါတယ်။

လက်ရှိ အလှူငွေ ပေးသွင်းရမယ့် ဘဏ်အကောင့်နံပါတ်လည်း ရှိနေပြီလို့ ဦးရဲထွဋ် က ရှင်းပြပါတယ်။

လက်ရှိ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီး စုစုပေါင်း အယောက် ၉၀ ၀န်းကျင် ရဲ့ ၁ လ လစာ ကျပ် သိန်း ၂၄၀၀ ၀န်းကျင်ရှိနေပြီး ဆင်းရဲမွဲတေမှု လျော့ချရေး ရန်ပုံငွေအတွက် ၁ လ ကျပ် သိန်း ၆၀၀ ၀န်းကျင် ၁ နှစ် ကျပ် သိန်း ၇၀၀၀ ကျော် ရရှိနိုင်မှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List