Wednesday, May 21, 2014

ဦးဝင်းတင်ရဲ့ဆန္ဒကို ဖော်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင် တစ်လပြည့်အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆရာဦးဝင်းတင်အတွက် အမှတ် တရစကား ပြောကြားခဲ့ပါတယ်။
ဆရာဦးဝင်းတင်ကို လေးစားတန်ဖိုးထားတယ်ဆိုရင် ဆရာကြီးဖြစ်စေချင်တဲ့ တိုင်းပြည်ဖြစ်အောင် ဝိုင်းဝန်းကြိုး ပမ်းကြရမယ်လို့ အခုလို ပြောကြားခဲ့ ပါတယ်။ 

"ဦးဝင်းတင်ဆို သတိရပါတယ်၊လေးစားပါတယ်၊တန်ဖိုးထားပါတယ်ဆို ပြီင်္းတော့ ဒီ ပုဂ္ဂိုလ်က ဖြစ်စေချင်တဲ့ ကိစ္စတွေ ကျတော့ တန်ဖိုးမထားဘူးဆိုလို့ ရင်တော့ ဒါအဓိပ္ပါယ်မရှိပါဘူး၊ကျမတို့ဟာ တကယ်ပဲ ဆရာဦးဝင်းတင် ကို လေးစားတယ် ၊မြတ်နိုးတယ်၊တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဆရာ့ဖြစ်စေ ချင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင်လို့ ၊ဆရာ့ဖြစ်စေချင်တဲ့ နိုင်ငံရေးအသိုင်း အဝိုင်းတစ်ခု ဖြစ်မြောက်အောင်လို့ ကျမတို့ အားလုံးဝိုင်းပြီးတော့ ကြိုးစား ကြပါလို့ ကျမအနေနဲ့ မေတ္တာ ရပ်ခံလိုပါတယ်" 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းတစ်လပြည့် အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦး၊ စာရေးဆရာ ဦးမိုးသူနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုဌေးကြွယ်တို့က အမှတ်တရစကားတွေ ပြောခဲ့ကြပါတယ်။

ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး နဲ့  ပါတီဝင်တွေ၊ စာပေအသိုင်းအသိုင်းက မိတ်ဆွေတွေ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်း ခေါင်းဆောင်တွေ ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ စုစုပေါင်း လူ ၁ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List