ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူကြီး (၅) ချက်ချမှတ်ခဲ့သည့်နှစ် (၆၀) ပြည့်အထိမ်းအမှတ် အခမ်း အနားနှင့်ဟောပြောပွဲကို မေ (၁၈) ရက်နေ့ကStand Hotel တွင်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦ၀ဏ္ဏမောင်လွင်၊ ရန်ကုန် တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်မှအမှာ စကားပြောကြားခဲ့ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စားလူမှု ရေး ၀န်ကြီးဒေါက်တာမြင့်သိန်းမှ အမှာစကားပြောကြားခဲ့သည်။
မြန်မာ၊ တရုတ်၊ အိန်္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များကစာတမ်း ဖတ်ကြားရာတွင် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးစိန် ၀င်းအောင်၊ တရုတ်၊မြန်မာချစ် ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ Mr Geng Zhiyuar နှင့် အိနိ္ဒယ သံအမတ်ကြီးH.E Mr Gautam Mukhopadhaya တို့မှဖတ်ကြား ခဲ့ကြသည်။
တရုတ်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌဦးစိန်ဝင်းအောင်က ““ငြိမ်းချမ်းရေးကိုလိုလားတောင့်တ နေကြသည့် ကမ္ဘာသူကမ္ဘာသား များအနေဖြင့်တတိယကမ္ဘာ့စစ် ကြီးမဖြစ်ရေးနှင့် စစ်အေးကာလ ပြီးဆုံးရေးအတွက်ကြိုးပမ်းခဲ့ကြသည်။ နှစ်ပေါင်း (၆၀) ကိုပြန်ကြည့်ရင် ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီး က မတားဆီးနိုင်ခဲ့သဖြင့်တွေ့ကြုံ ခဲ့ရသည့် ဒုတိယကမ္ဘာစစ်၏အနိ ဌာရုံများ၊ ကိုရီးယားစစ်ဖြစ်ပြီး၊ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံ ဖြစ်ပေါ်လာမှုနှင့် အရှေ့/အနောက် ကုမ္ပဏီဖြစ်ပ်ါလာမှုနှင့် ၀ါဆော စစ်အုပ်စုတွေပေါ်လာပြီး တတိယ ကမ္ဘာ့စစ်ဖြစ်ပေါ်ရေးလမ်းကြောင်း ပေါ်လျှောက်လှမ်းနေတာတွေ့ကြ ရမှာဖြစ်ပါတယ်”” ဟုထည့်သွင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူကြီး (၅) ချက်ကို ၁၉၅၄ ခုနှစ်တွင် မြန်မာဝန်ကြီးချုပ်ဦးနု၊ တရုတ် သမ္မတချုအင်လိုင်းနှင့် အိနိ္ဒယ၀န်ကြီးချုပ်ဂျဝါလာနေ့ရူး တို့မှလက်မှတ်ထိုးခဲ့ကြသည်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူကြီး (၅) ချက်မှာ၊ တစ်ဦး၏အချုပ်အဏာနှင့်နယ်နမိတ်ကိုလေး စားရေး၊ အပြန်အလှန်မ ကျူးကျော်ရေး၊ တစ်ဦး၏ပြည်တွင်း ရေးကိုတစ်ဦးက၀င်ရောက်မစွက်ဖက်ရေး၊ တန်းတူညီမျှရေးနှင့် အပြန်အလှန်အကျိုးပြုရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေးတို့ဖြစ်သည်။
““ဒုတိယကမ္ဘာစစ်ကြီးပြီးသည့် နောက် ကိုယ်နိုင်ငံကိုလည်းငြိမ်း ချမ်းပြီးချမ်းသာကြွယ်ဝပြီးဖွံ့ဖြိုး တိုးတက်သောနိုင်ငံဖြစ်လိုကြတဲ့ အတွက် ငြိမ်းချမ်းရေးနှင့် တည် ငြိမ်ရေးအတွက်အားထုတ်ဆောင် ရွက်ခဲ့ကြပါတယ်။ ၁၉၅၅ ခုနှစ် ရောက်တဲ့အခါမှာအာရှအာဖရိက ခေါင်းဆောင်များသည် အင်ဒိုနီး ရှားနိုင်ငံဘန်ဒေါင်းတွင်တွေ့ဆုံ စည်းဝေးကာဘန်ဒေါင်းကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်၊ ဘန်ဒေါင်း မူ (၁၀) ချက်ကိုထည့်သွင်းအတည် ပြုခဲ့ပါတယ်၊ ဘန်ဒေါင်းညီလာခံ သည်နောင်တွင်ပေါ်ပေါက်လာမည့် Non Aligned Moyement ရှေ့ပြေး ညီလာခံဟုဆိုလျှင်မမှားနိုင်ပါ၊ ယ ခုဆိုလျှင် ဘက်မလိုက်နိုင်ငံများ အဖွဲ့မှာ နိုင်ငံပေါင်း (၁၀၀) ကျော် နေပြီဖြစ်ပါတယ်”” ဟု၎င်းင်းကထပ်မံ ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘာကြီးကိုငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ဖြင့်ငြိမ်းချမ်းသောကမ်္ဘာကြီး အဖြစ်ဖန်တီး တည်ဆောက်နိုင်ရန် အတွက်ကမ်္ဘာ့ခေါင်းဆောင်ကြီးများက ကမ္ဘာ့ကုလသမဂ်္ဂကြီး၏ စွမ်းအားကိုပိုမို အားကောင်းအောင် ယန္တယားများပြုပြင်တည်ဆောက် ပေးရန်နှင့် Perventive Deplom acy ကျင့်သုံးခြင်း ဖြင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်ကိုခေတ်သစ်ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခ များကိုတား ဆီးနိုင်ရန်ကျင့်သုံးဆောင်ရွက်သွားပြီး ကမ္ဘာပေါ်ရှိဘာသာရေးခေါင်း ဆောင်အသီးသီးတို့သည် လူ့အဖွဲ့ အစည်းအတွင်းငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက်ငြိမ်း ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ကို ဟောပြောဆုံးမပေးကြရန်၎င်းင်းက ရုံးချုပ်တွင်ထည့်သွင်းပြောကြားခဲ့သည်။
Hot News Journal
No comments:
Post a Comment