Friday, February 14, 2020

ဝန်ထမ်းများ အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်အတွက် စာရင်းကောက်ယူနေဟု စီး/ကူး ဒုဝန်ကြီး ပြော


Image may contain: 1 person, indoor
ဝန်ထမ်းများအတွက် အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည့်ကိစ္စနှင့်ပတ်သတ်ပြီး လတ်တလော ဆိုင်းငံ့ထားသော်လည်း တဘက်တွင် စာရင်းများကောက်ယူနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
"သမ္မတရုံးက ညွှန်ချုပ်ကြီးပြောတဲ့အတိုင်းပဲ ဒါကို ခဏဆိုင်းငံ့ထားပါဆိုလို့ ကျွန်တော်တို့ဆိုင်းငံ့ထားပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဘယ်လောက်ထိပေးရမလဲ ဘာညာဆိုတဲ့စာရင်းတွေကိုတော့ ကောက်ယူနေပါတယ်။ အဲ့တော့ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့မှ ဆက်လက်ဆောင်ရွက်ပါဆိုတာနဲ့ ချက်ချင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် မော်တော်ယာဉ်တင်သွင်းခွင့်နှင့်ပတ်သတ်ပြီး သတင်း ထောက်များ၏မေးမြန်းမှုကို ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေး အစီအစဉ်နှင့်ပတ်သတ်၍ ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့်တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် (၂၅) နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ယင်းကိစ္စအပေါ် ကန့်ကွက်မှုများနှင့် ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီး လက်ရှိတွင် သမ္မတရုံးမှ ဆိုင်းငံ့ရန်ညွှန်ကြားထားသည်။

ဒုဝန်ကြီး ဦးအောင်ထူးက"အခုကတော့ ၂၅နှစ်ပြည့်တဲ့သူတွေကနေ အရင်စပေးဖို့ဆိုပြီး ကျွန်တော်တို့က စဉ်းစားထားတာပါ။ စဉ်းစားထားတာပါ မဆုံးဖြတ်ရသေးဘူး။ မူဝါဒပြောင်းတာတော့ မဟုတ်ပါဘူး။ အရင်တည်းက (လုပ်သက်) ၂၅နှစ်အထက်ကို အကုန်ပေးမယ်လို့တော့ ပြောထားပြီးသား။ ဒါပေမဲ့ အဲ့လိုပေးတဲ့အခါမှာ ၂၅ နှစ်ပြည့်တဲ့သူကို အငယ်တွေကို ဦးစားပေးပြီးပေးမယ်ဆိုပြီးတော့ စဉျးစားထားတာပါ"ဟု ပွောသညျ။

ထို့သို့ပေးရာတွင် ဝန်ထမ်းများသက်သာစေရန်အတွက် အင်ဂျင်ပါဝါ 1500CC အထိသာ ခွင့်ပြုရန်စဉ်းစားထားကြောင်း၊ 1500CC ဆိုပါက အထူးကုန်စည်ခွန်ပေးရန်မလိုကြောင်း၊ ဝန်ထမ်းများဖြစ်သည့်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိကြောင်း၊ Commercial Tax ၄ ရာခိုင်နှုန်းကိုတော့ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ကညနဥပဒေမှာလည်း ကညနမှတ်ပုံတင်ကြေးကိုဆိုရင် ကင်းလွတ်ခွင့်ပြုမယ်ဆိုရင် ရတယ်ဆိုတဲ့ သမ္မတရဲ့ Authority ရှိပါတယ်။ နောက်တခါကျတော့ အကောက်ခွန်နဲ့ပတ်သတ်လို့လည်း နိုင်ငံတော်သမ္မတဟာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုသင့်တဲ့လူတွေကို ပြုနိုင်တယ်ဆိုပြီး ပြဌာန်းထားပါတယ်"ဟုလည်း ဒုဝန်ကြီးကပြောသည်။

၂၀၁၂ ခုနှစ်က ကားတင်သွင်းခွင့်ပေးလိုက်ပြီးသည့်အခါတွင် ပုဂ္ဂလိကကဏ္ဍကားတင်သွင်းမှုမှာ ၂ သိန်း ၆သောင်းကျော်အထိရှိပြီး အကျိုးကျေးဇူးရရှိခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် မည်သည့် ခံစားခွင့်မှမရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ပြည်သူ့ဝန်ထမ်းများကို သက်သာခွင့်ဆောင်ရွက်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း၊
ဝန်ထမ်းများအတွက် အရစ်ကျစနစ်ကိုဖော်ဆောင်ချင်သည့်အတွက် ကနဦးအနေဖြင့် ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများကို ကားတင်သွင်းခွင့်ပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဒုဝန်ကြီးကဆိုသည်။

ဖူးအောင်
ဝန်ထမ်းများ အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်အတွက် စာရင်းကောက်ယူနေဟု စီး/ကူး ဒုဝန်ကြီး ပြော
------ ------ ------ ----- -----

ဝန်ထမ်းများအတွက် အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ြပုမည့်ကိစ္စနှင့်ပတ်သတ်ပြီး လတ်တလော ဆိုင်းငံ့ထားသော်လည်း တဘက်တွင် စာရင်းများကောက်ယူနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

"သမ္မတရုံးက ညွှန်ချုပ်ကြီးပြောတဲ့အတိုင်းပဲ ဒါကို ခဏဆိုင်းငံ့ထားပါဆိုလို့ ကျွန်တော်တို့ဆိုင်းငံ့ထားပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဘယ်လောက်ထိပေးရမလဲ ဘာညာဆိုတဲ့စာရင်းတွေကိုတော့ ကောက်ယူနေပါတယ်။ အဲ့တော့ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့မှ ဆက်လက်ဆောင်ရွက်ပါဆိုတာနဲ့ ချက်ချင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် မော်တော်ယာဉ်တင်သွင်းခွင့်နှင့်ပတ်သတ်ပြီး သတင်းထောက်များ၏မေးမြန်းမှုကို ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေး အစီအစဉ်နှင့်ပတ်သတ်၍ ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့်တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် (၂၅) နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ယင်းကိစ္စအပေါ် ကန့်ကွက်မှုများနှင့် ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီး လက်ရှိတွင် သမ္မတရုံးမှ ဆိုင်းငံ့ရန်ညွှန်ကြားထားသည်

ဒုဝန်ကြီး ဦးအောင်ထူးက"အခုကတော့ ၂၅နှစ်ပြည့်တဲ့သူတွေကနေ အရင်စပေးဖို့ဆိုပြီး ကျွန်တော်တို့က စဉ်းစားထားတာပါ။ စဉ်းစားထားတာပါ မဆုံးဖြတ်ရသေးဘူး။ မူဝါဒပြောင်းတာတော့ မဟုတ်ပါဘူး။ အရင်တည်းက (လုပ်သက်) ၂၅နှစ်အထက်ကို အကုန်ပေးမယ်လို့တော့ ပြောထားပြီးသား။ ဒါပေမဲ့ အဲ့လိုပေးတဲ့အခါမှာ ၂၅ နှစ်ပြည့်တဲ့သူကို အငယ်တွေကို ဦးစားပေးပြီးပေးမယ်ဆိုပြီးေတာ့ စဉ်းစားထားတာပါ"ဟု ပြောသည်။

ထို့သို့ပေးရာတွင် ဝန်ထမ်းများသက်သာစေရန်အတွက် အင်ဂျင်ပါဝါ 1500CC အထိသာ ခွင့်ပြုရန်စဉ်းစားထားကြောင်း၊ 1500CC ဆိုပါက အထူးကုန်စည်ခွန်ပေးရန်မလိုေကြာင်း၊ ဝန်ထမ်းများဖြစ်သည့်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိကြောင်း၊ Commercial Tax ၄ ရာခိုင်နှုန်းကိုတော့ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ကညနဥပဒေမှာလည်း ကညနမှတ်ပုံတင်ကြေးကိုဆိုရင် ကင်းလွတ်ခွင့်ပြုမယ်ဆိုရင် ရတယ်ဆိုတဲ့ သမ္မတရဲ့ Authority ရှိပါတယ်။ နောက်တခါကျတော့ အကောက်ခွန်နဲ့ပတ်သတ်လို့လည်း နိုင်ငံတော်သမ္မတဟာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုသင့်တဲ့လူတွေကို ပြုနိုင်တယ်ဆိုပြီး ပြဌာန်းထားပါတယ်"ဟုလည်း ဒုဝန်ကြီးကပြောသည်။

၂၀၁၂ ခုနှစ်က ကားတင်သွင်းခွင့်ပေးလိုက်ပြီးသည့်အခါတွင် ပုဂ္ဂလိကကဏ္ဍကားတင်သွင်းမှုမှာ ၂ သိန်း ၆သောင်းကျော်အထိရှိပြီး အကျိုးကျေးဇူးရရှိခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် မည်သည့် ခံစားခွင့်မှမရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ပြည်သူ့ဝန်ထမ်းများကို သက်သာခွင့်ဆောင်ရွက်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း၊
ဝန်ထမ်းများအတွက် အရစ်ကျစနစ်ကိုဖော်ဆောင်ချင်သည့်အတွက် ကနဦးအနေဖြင့် ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများကို ကားတင်သွင်းခွင့်ပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဒုဝန်ကြီးကဆိုသည်။

ဖူးအောင်

No comments:

Post a Comment

My Blog List