Thursday, February 13, 2020

ရုရှားနှင့် အီရန်မှ အကောင့်တု ကွန်ရက်များကို ဖေ့စ်ဘွတ်ခ် ပိတ်ပင်

No photo description available.
ရုရှား စစ်ထောက်လှမ်းရေးက ယူကရိန်းနဲ့ တခြား အရှေ့ဥရောပနိုင်ငံတွေကို ပစ်မှတ်ထားပြီး သတင်းမှားတွေ ဖော်ပြနေတဲ့ အကောင့်တု ကွန်ရက်တစ်ခုကို ပိတ်ပင်လိုက်ပြီလို့ ဖေ့စ်ဘွတ်ခ်က အခုလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။

ရုရှားရဲ့ စစ်ဆင်ရေးဟာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်မှာ အကောင့်ပေါင်း ၁၀၀ ကျော်သုံးထားပြီးတော့ ဂျာနယ်လစ် ယောင် ဆောင်ထားတဲ့ အကောင့်တွေလို့ ဖေ့စ်ဘွတ်ခ်ရဲ့ ဆိုင်ဘာလုံခြုံရေး မူဝါဒဆိုင်ရာအကြီးအကဲကဆိုပါတယ်။
အဲဒီကောင့်တွေဟာ ပြည်တွင်း မီဒီယာတွေနဲ့ နိုင်ငံရေး သမားတွေကို ချိတ်ဆက်ပြီးသတင်းမှားတွေ ဖြန့်နေတာပါ။ နိုင်ငံရေးအရ သဘောထားကွဲပြားနိုင်တဲ့ ကိစ္စမျိုးတွေလို့ ဆိုပါတယ်။ တချို့ ဆောင်းပါးတွေဆိုရင် ပြည်တွင်း မီဒီယာတွေမှာ တောင် ထည့်သွင်းဖော်ပြခံရတာမျိုးအထိ ရှိခဲ့တယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။
ဒါတင်မကဘဲ တခြား အကောင့်တု ကွန်ရက်နှစ်ခုကိုလည်း ပိတ်ပင်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ဆိုပါတယ်။ ကွန်ရက် တစ်ခု က အီရန်နဲ့ ပတ်သက်နေပြီးတော့ အမေရိကန် ပြည်ထောင်စုကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ဆိုပါတယ်။ နောက် အကောင့်တု ကွန်ရက်တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေက တယ်လီကွန်းလုပ်ငန်းကြီးနှစ်ခုနဲ့ ချိတ်ဆက်မှု ရှိ နေပြီးတော့ သူတို့ရဲ့ ပြိုင်ဘက်တွေကို ထိခိုက်စေမယ့် ပုံဖျက်သတင်းအမျိုးမျိုးကို ထုတ်လုပ်နေတာလို့ ဆိုပါတယ်။
Source: Reuters

No comments:

Post a Comment

My Blog List