Monday, February 10, 2020

အစိုးရ၏ပြုပြင်ပြောင်းလဲမှု တစ်ခုနှင့်တစ်ခုအကြား ဆိုင်းငံ့ချိန်ပေးရန်လို


Image may contain: 5 people, crowd and outdoor
အစိုးရ၏ ပြုပြင်ပြောင်းလဲမှု တစ်ခုနှင့် တစ်ခုအကြား ဆိုင်းငံ့ချိန်ပေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာပန်းဥယျာဉ်၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် မထသစနစ် မှ YBS စနစ်သို့ ပြောင်းလဲချိန်၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ ပြောဆိုရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

"မထသစနစ်အောက်မှာ တော်တော် ဒုက္ခရောက်ခဲ့ပါ တယ်။ ဒီအခြေအနေကို ပြုပြင်ပြောင်းလဲဖို့အတွက်၊ ပြည်သူ တစ်ရပ်လုံးကပါဝင်ပြီး ကူညီခဲ့တဲ့အတွက် YBS စနစ်ကို ကျွန် တော် တို့ လုပ်နိုင်တယ်။ အရင်တုန်းကဆို ကားတွေက တစ်နေရာ မှာ လဲပြန်ပြီ၊ ညနေ ၆ နာရီဆို ကြားကားပဲ ရှိတော့တယ်နဲ့။အခုရော ကြားကားမရှိဘူးလားဆို ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆိုင်းငံ့ချိန်တစ်ခုကို ကျော်လွန်ရင် ပိုပြီး စည်းကမ်းကို ကျွန်တော်တို့တင်းကျပ်ပါမယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကိုဝုန်းဆို လုပ်ပြီးရင် နောက်ကနေလိုက်လုပ်တဲ့ အခြေအနေတစ်ခုမှာ ဆိုင်းငံ့ချိန်မပေးရင် လူထုက ပေါက်ကွဲတတ်ပါတယ်။ ဥပမာပေးရရင် ဥပမာကတော့ သိပ်မကောင်း ပါဘူး။ အဲဒီဥပမာလေးကမြင်သာလို့ပါ။ အိမ်သာရေဆွဲသလိုပါပဲ။ ရေဆွဲအိမ်သာကတစ်ချက်ဆွဲပြီးသွားရင် ဝေါဆို ရေကျတယ်။ ပြီးရင် သူ့ကိုစောင့်ရတယ်။ စိတ်စောပြီး ထပ်ဆွဲလို့မရဘူး။ ထပ်ဆွဲရင် ဒီ ရေဆွဲစက်ပါ ပျက်မယ်။ ဒီလို အခြေအနေမျိုးပါပဲ။ ကျွန်တော်တို့ တစ်ခုပြောင်းပြီးရင် တစ်ခုကို နည်းနည်းစောင့်ရတယ်။ သူတို့ပြန်ပြီး ပြင်ဆင်မှုနည်းနည်းရမှ နောက်တစ်ဆင့် တက်နိုင်မှာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသည်။

လက်ရှိ YBS စနစ်သည် Yangon Region TransportAuthority ကနေ၍ အစိုးရဝန်ကြီးတစ်ဦး တာဝန်ယူခြင်းဖြစ်သည့်အတွက် အာဏာအပြည့်အဝနှင့် ဆောင်ရွက်နေခြင်းဖြစ်ကာ မထသစနစ်ကဲ့သို့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်ယာဉ်ပိုင်ရှင်များ ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

ထို့ပြင် YRTA အနေဖြင့် အခွန်ပေးဆောင်ခြင်း မရှိသည်မှာ ဥပဒေနှင့်အညီသာ ဖြစ်ပြီး ယင်းဥပဒေတွင် အစိုးရအာဏာပိုင်က ဖွဲ့စည်းထားသော အဖွဲ့အစည်းမှ ရရှိသည့် ဝင်ငွေသည်အခွန်ပေးဆောင်မှုပြုလုပ်စရာမလိုဟု ပါရှိခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

"YRTA က အခွန်မဆောင်ဘူးလို့လည်း အသံတစ်ခု ကြားရပါတယ်။ အခွန်ဥပဒေမှာ အစိုးရအာဏာပိုင်အဖွဲ့က ဖွဲ့စည်းထားသော ရရှိတဲ့ ဝင်ငွေကို အခွန်ဆောင်စရာမလိုဘူးလို့ ဖော်ပြထားပါတယ်။ ဒီအတွက် ကျွန်တော်တို့က အခွန်မဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရက အခွန်ဆောင်ဆိုလည်း ကျွန်တော်တို့က ဆောင်လိုက်ရုံပဲရှိတယ်။ ဘာကြောင့်လဲဆို ဒီအခွန်က ကျွန်တော်တို့ ဒီတိုက်ပုံအကျႌလိုပါပဲ။ ဒီအိတ်ကပ်ထဲကနေ ဟိုဘက် ဒီဘက် ဘယ်အိတ်ထဲပဲထည့်ထည့် ဒါပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီးအစိုးရရဲ့ ဝင်ငွေတွေပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ချိန်းတာပဲ ရှိပါတယ်။ ကျွန်တော်တို့က ပြဿနာမရှိပါဘူး"ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။

အဆိုပါ YBS စနစ်နှင့် ပတ်သက်၍ အစိုးရအနေဖြင့်ပြုပြင် ပြောင်းလဲမှုများကို တစ်ဆင့်ချင်းစီ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲသွားမည်ဖြစ်သည့်အတွက် အချိန်တစ်ခုနှင့်တစ်ခုကြားဆိုင်းငံ့ကာလများကို ပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံ၍စောင့်ဆိုင်းပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသည်။

သတင်း - စိုးစိုးစံ
.......................................................................

(Unicode Version)


 အစိုးရ၏ပြုပြင်ပြောင်းလဲမှု တစ်ခုနှင့်တစ်ခုအကြား ဆိုင်းငံ့ချိန်ပေးရန်လို

အစိုးရ၏ ပြုပြင်ပြောင်းလဲမှု တစ်ခုနှင့် တစ်ခုအကြား ဆိုင်းငံ့ချိန်ပေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာပန်းဥယျာဉ်၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် မထသစနစ် မှ YBS စနစ်သို့ ပြောင်းလဲချိန်၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ ပြောဆိုရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

"မထသစနစ်အောက်မှာ တော်တော် ဒုက္ခရောက်ခဲ့ပါ တယ်။ ဒီအခြေအနေကို ပြုပြင်ပြောင်းလဲဖို့အတွက်၊ ပြည်သူ တစ်ရပ်လုံးကပါဝင်ပြီး ကူညီခဲ့တဲ့အတွက် YBS စနစ်ကို ကျွန် တော် တို့ လုပ်နိုင်တယ်။ အရင်တုန်းကဆို ကားတွေက တစ်နေရာ မှာ လဲပြန်ပြီ၊ ညနေ ၆ နာရီဆို ကြားကားပဲ ရှိတော့တယ်နဲ့။အခုရော ကြားကားမရှိဘူးလားဆို ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆိုင်းငံ့ချိန်တစ်ခုကို ကျော်လွန်ရင် ပိုပြီး စည်းကမ်းကို ကျွန်တော်တို့တင်းကျပ်ပါမယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကိုဝုန်းဆို လုပ်ပြီးရင် နောက်ကနေလိုက်လုပ်တဲ့ အခြေအနေတစ်ခုမှာ ဆိုင်းငံ့ချိန်မပေးရင် လူထုက ပေါက်ကွဲတတ်ပါတယ်။ ဥပမာပေးရရင် ဥပမာကတော့ သိပ်မကောင်း ပါဘူး။ အဲဒီဥပမာလေးကမြင်သာလို့ပါ။ အိမ်သာရေဆွဲသလိုပါပဲ။ ရေဆွဲအိမ်သာကတစ်ချက်ဆွဲပြီးသွားရင် ဝေါဆို ရေကျတယ်။ ပြီးရင် သူ့ကိုစောင့်ရတယ်။ စိတ်စောပြီး ထပ်ဆွဲလို့မရဘူး။ ထပ်ဆွဲရင် ဒီ ရေဆွဲစက်ပါ ပျက်မယ်။ ဒီလို အခြေအနေမျိုးပါပဲ။ ကျွန်တော်တို့ တစ်ခုပြောင်းပြီးရင် တစ်ခုကို နည်းနည်းစောင့်ရတယ်။ သူတို့ပြန်ပြီး ပြင်ဆင်မှုနည်းနည်းရမှ နောက်တစ်ဆင့် တက်နိုင်မှာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသည်။

လက်ရှိ YBS စနစ်သည် Yangon Region TransportAuthority ကနေ၍ အစိုးရဝန်ကြီးတစ်ဦး တာဝန်ယူခြင်းဖြစ်သည့်အတွက် အာဏာအပြည့်အဝနှင့် ဆောင်ရွက်နေခြင်းဖြစ်ကာ မထသစနစ်ကဲ့သို့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်ယာဉ်ပိုင်ရှင်များ ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

ထို့ပြင် YRTA အနေဖြင့် အခွန်ပေးဆောင်ခြင်း မရှိသည်မှာ ဥပဒေနှင့်အညီသာ ဖြစ်ပြီး ယင်းဥပဒေတွင် အစိုးရအာဏာပိုင်က ဖွဲ့စည်းထားသော အဖွဲ့အစည်းမှ ရရှိသည့် ဝင်ငွေသည်အခွန်ပေးဆောင်မှုပြုလုပ်စရာမလိုဟု ပါရှိခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

"YRTA က အခွန်မဆောင်ဘူးလို့လည်း အသံတစ်ခု ကြားရပါတယ်။ အခွန်ဥပဒေမှာ အစိုးရအာဏာပိုင်အဖွဲ့က ဖွဲ့စည်းထားသော ရရှိတဲ့ ဝင်ငွေကို အခွန်ဆောင်စရာမလိုဘူးလို့ ဖော်ပြထားပါတယ်။ ဒီအတွက် ကျွန်တော်တို့က အခွန်မဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရက အခွန်ဆောင်ဆိုလည်း ကျွန်တော်တို့က ဆောင်လိုက်ရုံပဲရှိတယ်။ ဘာကြောင့်လဲဆို ဒီအခွန်က ကျွန်တော်တို့ ဒီတိုက်ပုံအင်္ကျီလိုပါပဲ။ ဒီအိတ်ကပ်ထဲကနေ ဟိုဘက် ဒီဘက် ဘယ်အိတ်ထဲပဲထည့်ထည့် ဒါပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီးအစိုးရရဲ့ ဝင်ငွေတွေပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ချိန်းတာပဲ ရှိပါတယ်။ ကျွန်တော်တို့က ပြဿနာမရှိပါဘူး"ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။

အဆိုပါ YBS စနစ်နှင့် ပတ်သက်၍ အစိုးရအနေဖြင့်ပြုပြင် ပြောင်းလဲမှုများကို တစ်ဆင့်ချင်းစီ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲသွားမည်ဖြစ်သည့်အတွက် အချိန်တစ်ခုနှင့်တစ်ခုကြားဆိုင်းငံ့ကာလများကို ပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံ၍စောင့်ဆိုင်းပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသည်။

သတင်း - စိုးစိုးစံ

No comments:

Post a Comment

My Blog List