Friday, February 14, 2020

မိုးအောင်ရင် ရှေ့နေ ဒေါ်ခင်နုသာက တရားခွင်တွင် ကာမလိမ်လည်မှု မ‌ေမြှာက်ကြောင်း ထွက်ဆိုသည်ကို တရားလို စိတ်ပျက်

Image may contain: 3 people
စွပ်စွဲခံရသူ တရားခံ မိုးအောင်ရင် ၏ရှေ့နေ ဒေါ်ခင်နုသာက တရားခွင်တွင် ကာမလိမ်လည်မှု မမြှောက်ကြောင်း ပြောကြားသည့်အပေါ် စိတ်ကျေနပ်မှု မရှိကြောင်း တရားလို မခင်မြတ်နိုးက ဖေဖော်ဝါရီ ၁၄ တွင် ရုံးချိန်းအပြင်ဘက်တွင် ပြောကြားခဲ့သည်။

"ဒီနေ့မှာ စစ်ဆေးတာက သက်သေခံကသူနဲ့ ဆယ်လီကမ္ဘာမှာ စွပ်စွဲတာကို တင်တယ်။ သူတို့ပြန်တောင်းပန်ထားတာကို အသံဖိုင်တင်ထားတယ်ဒါပါပဲ။ သက်သေကို လက်ခံ ပါတယ်။ မပြည့်စုံဘူးဆိုတာ သူတို့ကလည်းငြင်း ပိုင်ခွင့်ရှိတယ်လေ။ကိုယ့်တွေက အမှန်အတိုင်း တင်တယ်။ ကိုယ့်တွေက ဥပဒေနဲ့ပတ်ပြီး တိတိကျကျမသိတော့ လိုအပ်တာတွေရှိပါတယ်။ တစ်ဖက်ကရှေ့နေက ကာမလိမ်လည်မှု မမြှောက်ဘူးလို့ ပြောတဲ့အပေါ်မှာလည်း စိတ်ကျေနပ်မှု မရှိပါဘူး။ ဘာပြောချင်လဲဆိုရင် သူတို့ မေးတဲ့ မေးခွန်းအရ ထုံးထမ်းစဥ်လာအရ တကယ်တမ်းတာဆိုရင် လင်မယားဖြစ်တယ် လို့ပြောတယ်။ သူတို့ပြောပုံအရဆိုရင် အတွဲတွေအများကြီး လက်မှတ် မထိုးဘဲလင်မယားတွေဖြစ်နေမှာပေါ့။စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးမှသာ တရား၀င် လင်မယားမြောက်တာလေ။ ဥပဒေလည်း ရှိပါတယ်။ညီမရှေ့နေနဲ့ ပတ်သက်ပြီးတော့ လည်း အားရကျေနပ်မှု ရှိပါတယ်။ ဒီနေ့က ဖေဖော်ဝါရီ ၁၄ ။ ဒီလိုနေ့မှာ ဖြစ်တယ်ဆိုရင်လည်း ဘာမှတော့ မဖြစ်ပါဘူး။ ဒီလိုနေ့ကိုလည်း စိတ်ထဲမှာ အထူးတလည် မရှိပါဘူး။ နောက်တစ်ပတ်ရုံးချိန်းမှာ တတ်နိုင်တာ အကုန်လုပ်သွားမှာပါ"ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ရက်တွင် ထပ်မံ၍ ကြားဖြတ်အမိန့်နှင့် တရားလိုပြသက်သေ အား စစ်ဆေးမည်ဖြစ်ပြီး သရုပ်ဆောင်မိုးအောင်ရင်အား တရားစွဲဆိုထားသည့် ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ကို ရုံးချိန်း သုံးချိန်းအတွင်း အပြီးစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကင်းတရားရုံးမှ တရားရုံးသတင်းပြန်ကြားရေး အရာရှိ ရန်ကင်းမြို့နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းကပြော ကြားထားသည်။
Image may contain: 3 people, people sitting
KTZ

No comments:

Post a Comment

My Blog List