Monday, February 10, 2020

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်ကသဘောတူ

Image may contain: 1 person, sitting and indoor

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးရန် ယနေ့ (ဖေဖော်ဝါရီလ ၁၀ရက်) ပြည်ထောင်စုလွှတ်တော်တွင် သဘောတူညီကြောင်းကြေညာလိုက်သည်။

အဆိုပါအကြောင်းအရာကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့အဆိုပြုထားရာ ကန့်ကွက်သူမရှိ၍ အဆိုပြုချက်အတိုင်းခန့်အပ်ရန် သဘောတူအတည်ပြုခဲ့ခြင်းဖြစ်သည်။
“လစ်လပ်လျက်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနေရာကို ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတရဲ့အဆိုပြုချက်ကို ကန့်ကွက်မဲမရှိသည့်အတွက် အဆိုပြုချက်အတိုင်း ခန့်အပ်သဘောတူရန် လွှတ်တော်ကသဘောတူသည် ” ဟု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် အစည်းအဝေးသတ္တမနေ့၌ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောသည်။
OTS အမှတ်စဉ် ၆၄ ဆင်းဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ယနေ့မှစ၍ ပြည်ထဲရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့ဝင်ဖြစ်လာသည်။
လက်ရှိအစိုးရလက်ထက်တွင် ၄ နှစ်နီးပါးပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအား မူလစစ်ဘက်တာဝန်များထမ်းဆောင်ရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။
Image may contain: 1 person
Image may contain: 1 person
ကျော်ကြားဟိန်း(အကုန်သိ သတင်းဌာန)
Unicode Version
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်ကသဘောတူ
-------ကျော်ကြားဟိန်း(အကုန်သိ သတင်းဌာန) --------

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးရန် ယနေ့ (ဖေဖော်ဝါရီလ ၁၀ရက်) ပြည်ထောင်စုလွှတ်တော်တွင် သဘောတူညီကြောင်းကြေညာလိုက်သည်။
အဆိုပါအကြောင်းအရာကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့အဆိုပြုထားရာ ကန့်ကွက်သူမရှိ၍ အဆိုပြုချက်အတိုင်းခန့်အပ်ရန် သဘောတူအတည်ပြုခဲ့ခြင်းဖြစ်သည်။
“လစ်လပ်လျက်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနေရာကို ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတရဲ့အဆိုပြုချက်ကို ကန့်ကွက်မဲမရှိသည့်အတွက် အဆိုပြုချက်အတိုင်း ခန့်အပ်သဘောတူရန် လွှတ်တော်ကသဘောတူသည် ” ဟု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် အစည်းအဝေးသတ္တမနေ့၌ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောသည်။
OTS အမှတ်စဉ် ၆၄ ဆင်းဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ယနေ့မှစ၍ ပြည်ထဲရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့ဝင်ဖြစ်လာသည်။
လက်ရှိအစိုးရလက်ထက်တွင် ၄ နှစ်နီးပါးပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအား မူလစစ်ဘက်တာဝန်များထမ်းဆောင်ရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။

No comments:

Post a Comment

My Blog List