Tuesday, February 11, 2020

ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက မီးရှို့ဖျက်ဆီးဟု တပ်မတော် သတင်းထုတ်ပြန်ထား


Image may contain: text that says 'ရသေ့တောင်မြို့နယ် ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက'
ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက မီးရှို့ဖျက်ဆီးဟု တပ်မတော် သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်း သည် ဖေဖော်ဝါရီ ၉ ရက်တွင် ရက်ခုံတိုင်ကျေးရွာ (ဒေသ အခေါ် တံခွန်တိုင်)သို့ ရောက်ရှိစဉ် လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၈၀ လုံးနှင့် ၎င်းတို့အနက်မှ မီးရှို့ခံ ထားရသည့် နေအိမ် ၁၀ လုံးအား တွေ့ရှိရပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ Baigish တံဆိပ်ပါ မှန်ပြောင်း ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ ဂေါ်ပြား ၁၂ ချောင်း၊ AA ဘက်တံဆိပ် ၁ စုံနှင့် ၁ ပေ ပတ်လည် AA အလံ ၁ ထည်တို့အား သိမ်းဆည်း ရမိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၈ ရက်တွင်လည်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်အတွင်းမှ မြန်မာကျပ်ငွေ ၅ ဘီလီယံခန့် တန်ဖိုးရှိ WY စာတမ်းပါစိတ်ကြွမူးယစ်ဆေးပြား ၂ ဒသမ ၅ သန်း၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ လမ်းလျှောက်စကားပြောစက် ၅၂ လုံး၊ ဒေသန္တမိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီ ၈ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၂၅၀ ဦးခန့်သည် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကျအရှုံးများ စွာဖြင့် ပြန်လည်ဆုတ်ခွာလာစဉ် ရက်ခုံတိုင် ကျေးရွာသို့ အရောက်၌ ကျေးရွာအတွင်းရှိ နေအိမ်များ အား မီးရှို့ဖျက်ဆီးကာ ဒဏ်ရာရလူနာများအား သယ်ဆောင်၍ ၎င်းကျေးရွာ၏ မြောက်ဘက်သို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက် တွင်လည်း ရသေ့တောင်မြို့နယ်၊ လွမ်းတောင်ကျေးရွာ သို့ဝင်ရောက်၍ ကျေးရွာအတွင်းရှိ နေအိမ် ၃၀ လုံးအား ဖျက်ဆီးခြင်း၊ နွား ၄၀ ကောင်၊ ရွှေ ၁၀ ဒသမ ၅ ကျပ်သားခန့်၊ ငွေကျပ် ၃၉ သိန်းကျော်နှင့် စျေးဆိုင် ၃ ဆိုင်မှ ကာလတန်ဖိုးငွေကျပ် ၁၉ သိန်းကျော်ရှိ ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းနေရာ တစ်ဝိုက်အား ဆက်လက်ရှင်းလင်းရာ အားကစား ဝတ်စုံ ဝတ်ဆင်ပြီး ဦးခေါင်းလက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံး နေသော AA အကြမ်းဖက် သောင်းကျန်းသူ အလောင်း ၁ လောင်းအား စစ်ဆေး တွေ့ရှိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားစဉ် ထွက်ပြေးရာ လမ်းတစ်လျှောက် ကျေးရွာများရှိ နေအိမ် များကို မီးရှို့ဖျက်ဆီးကာ တပ်မတော်မှ ပြုလုပ်သည့်သဘော ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက မီးရှို့ဖျက်ဆီးဟု တပ်မတော် သတင်းထုတ်ပြန်ထား
--- --- ---
ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက မီးရှို့ဖျက်ဆီးဟု တပ်မတော် သတင်းထုတ်ပြန်ထား သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်း သည် ဖေဖော်ဝါရီ ၉ ရက်တွင် ရက်ခုံတိုင်ကျေးရွာ (ဒေသ အခေါ် တံခွန်တိုင်)သို့ ရောက်ရှိစဉ် လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၈၀ လုံးနှင့် ၎င်းတို့အနက်မှ မီးရှို့ခံ ထားရသည့် နေအိမ် ၁၀ လုံးအား တွေ့ရှိရပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ Baigish တံဆိပ်ပါ မှန်ပြောင်း ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ ဂေါ်ပြား ၁၂ ချောင်း၊ AA ဘက်တံဆိပ် ၁ စုံနှင့် ၁ ပေ ပတ်လည် AA အလံ ၁ ထည်တို့အား သိမ်းဆည်း ရမိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၈ ရက်တွင်လည်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်အတွင်းမှ မြန်မာကျပ်ငွေ ၅ ဘီလီယံခန့် တန်ဖိုးရှိ WY စာတမ်းပါစိတ်ကြွမူးယစ်ဆေးပြား ၂ ဒသမ ၅ သန်း၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ လမ်းလျှောက်စကားပြောစက် ၅၂ လုံး၊ ဒေသန္တမိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီ ၈ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၂၅၀ ဦးခန့်သည် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကျအရှုံးများ စွာဖြင့် ပြန်လည်ဆုတ်ခွာလာစဉ် ရက်ခုံတိုင် ကျေးရွာသို့ အရောက်၌ ကျေးရွာအတွင်းရှိ နေအိမ်များ အား မီးရှို့ဖျက်ဆီးကာ ဒဏ်ရာရလူနာများအား သယ်ဆောင်၍ ၎င်းကျေးရွာ၏ မြောက်ဘက်သို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက် တွင်လည်း ရသေ့တောင်မြို့နယ်၊ လွမ်းတောင်ကျေးရွာ သို့ဝင်ရောက်၍ ကျေးရွာအတွင်းရှိ နေအိမ် ၃၀ လုံးအား ဖျက်ဆီးခြင်း၊ နွား ၄၀ ကောင်၊ ရွှေ ၁၀ ဒသမ ၅ ကျပ်သားခန့်၊ ငွေကျပ် ၃၉ သိန်းကျော်နှင့် စျေးဆိုင် ၃ ဆိုင်မှ ကာလတန်ဖိုးငွေကျပ် ၁၉ သိန်းကျော်ရှိ ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းနေရာ တစ်ဝိုက်အား ဆက်လက်ရှင်းလင်းရာ အားကစား ဝတ်စုံ ဝတ်ဆင်ပြီး ဦးခေါင်းလက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံး နေသော AA အကြမ်းဖက် သောင်းကျန်းသူ အလောင်း ၁ လောင်းအား စစ်ဆေး တွေ့ရှိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားစဉ် ထွက်ပြေးရာ လမ်းတစ်လျှောက် ကျေးရွာများရှိ နေအိမ် များကို မီးရှို့ဖျက်ဆီးကာ တပ်မတော်မှ ပြုလုပ်သည့်သဘော ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List