Tuesday, February 11, 2020

၀ူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နိုင်ငံအတွင်း မတွေ့ရသေးသော်လည်း ဗြုန်းကနဲနဲ့ အများကြီးပေါ်လာနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးပြော


No photo description available.
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်မှာ မြန်မာနိုင်ငံအတွင်းတွင် မတွေ့ရှိရသေးသော်လည်း အလွန်စိုးရိမ်စရာ အခြေ အနေဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖေဖော်ဝါရီလ ၁၁ ရက်က ပြည်သူ့လွှတ်တော်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမဲ ဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ဝူးဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက စီမံ ဆောင်ရွက်များနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံမှာ မတွေ့သော်လည်း စိုးရိမ်ရတယ်။ အချိန်မရွေး ဗြုန်းကနဲနဲ့လည်း အများကြီးပေါ်လာနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ သိနေရမယ်။ ဘာပေါ်လာမလဲဆိုတာကို ကျွန်တော်တို့က ဒေါက်ထောက်ပြီး ကြည့်နေရပါတယ်။ ဒီအတိုင်းကျေနပ် လို့မရပါဘူး။ ကျွန်တော်တို့ သေချာလုပ်နေပါတယ်။ နောက်တစ်ခုက လေဆိပ်မှာဝင်လာတဲ့လူဆိုတာ နည်းနည်းလေးပါ။ အခု ဆိုရင် လူတစ်ရာကျော်၊ နှစ်ရာကျော် အဲ့ဒီလောက်ပဲ ဝင်ပါတယ်။ ရန်ကုန်၊ မန္တလေးလေဆိပ်တွေကနေပြီးတော့။ သို့သော်လည်း ကျွန်တော်တို့ စိုးရိမ်နေရမှာက ကုန်းလမ်း” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ကုန်းလမ်းဝင်ပေါက်အနေဖြင့် တရားဝင် ဝင်ပေါက် ၂၇ ပေါက်ရှိကြောင်း၊ လက်ရှိတွင် ရောဂါရှာဖွေ စစ်ဆေးရန်အတွက် လိုအပ် သော ပစ္စည်းများကိုလည်း နယ်စပ်ဝင်ပေါက်များတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဒီနေရာက ဟာတွေက သိန်းနဲ့ချီပြီး ဝင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သောင်းနဲ့ပဲချီပြီး ဝင်တော့တယ်။ ဒါကို ကျွန်တော်တို့ က ထိန်းချုပ်ရမှာ။ ထိန်းချုပ်တယ်ဆိုတာ နယ်စပ်မှာ ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာန လုပ်လို့မရပါဘူး။ နယ်စပ်မှာရှိတဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေက အကုန်လုံးပေါင်းစပ် လုပ်ရမယ်။ ဒါကို ကျွန်တော်တို့က မလျော့ပါဘူး။ နယ်စပ်ကို အားဖြည့်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၈ ဦးအပါအဝင် ကမ္ဘာတလွှားတွင် စုစုပေါင်း သေဆုံးသူ ၉၁၀ ဦးနှင့် ကူး စက်ခံရသူ ၄၀၀၀၀ ကျော်ရှိပြီး ရောဂါကူးစက်ခံရသူများထဲမှ ပျောက်ကင်းသူ ၃၂၈၁ ဦး ရှိကြောင်း သိရသည်။
အံ့ညီညီ - နေပြည်တော် ( အကုန်သိ သတင်းဌာန ) 
<<< Unicode Version >>>

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နိုင်ငံအတွင်း မတွေ့ရသေးသော်လည်း ဗြုန်းကနဲနဲ့ အများကြီးပေါ်လာနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးပြော

---------- အံ့ညီညီ - နေပြည်တော် ( အကုန်သိ သတင်းဌာန ) ----------

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်မှာ မြန်မာနိုင်ငံအတွင်းတွင် မတွေ့ရှိရသေးသော်လည်း အလွန်စိုးရိမ်စရာ အခြေ အနေဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖေဖော်ဝါရီလ ၁၁ ရက်က ပြည်သူ့လွှတ်တော်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမဲ ဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ဝူးဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက စီမံ ဆောင်ရွက်များနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံမှာ မတွေ့သော်လည်း စိုးရိမ်ရတယ်။ အချိန်မရွေး ဗြုန်းကနဲနဲ့လည်း အများကြီးပေါ်လာနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ သိနေရမယ်။ ဘာပေါ်လာမလဲဆိုတာကို ကျွန်တော်တို့က ဒေါက်ထောက်ပြီး ကြည့်နေရပါတယ်။ ဒီအတိုင်းကျေနပ် လို့မရပါဘူး။ ကျွန်တော်တို့ သေချာလုပ်နေပါတယ်။ နောက်တစ်ခုက လေဆိပ်မှာဝင်လာတဲ့လူဆိုတာ နည်းနည်းလေးပါ။ အခု ဆိုရင် လူတစ်ရာကျော်၊ နှစ်ရာကျော် အဲ့ဒီလောက်ပဲ ဝင်ပါတယ်။ ရန်ကုန်၊ မန္တလေးလေဆိပ်တွေကနေပြီးတော့။ သို့သော်လည်း ကျွန်တော်တို့ စိုးရိမ်နေရမှာက ကုန်းလမ်း” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ကုန်းလမ်းဝင်ပေါက်အနေဖြင့် တရားဝင် ဝင်ပေါက် ၂၇ ပေါက်ရှိကြောင်း၊ လက်ရှိတွင် ရောဂါရှာဖွေ စစ်ဆေးရန်အတွက် လိုအပ် သော ပစ္စည်းများကိုလည်း နယ်စပ်ဝင်ပေါက်များတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဒီနေရာက ဟာတွေက သိန်းနဲ့ချီပြီး ဝင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သောင်းနဲ့ပဲချီပြီး ဝင်တော့တယ်။ ဒါကို ကျွန်တော်တို့ က ထိန်းချုပ်ရမှာ။ ထိန်းချုပ်တယ်ဆိုတာ နယ်စပ်မှာ ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာန လုပ်လို့မရပါဘူး။ နယ်စပ်မှာရှိတဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေက အကုန်လုံးပေါင်းစပ် လုပ်ရမယ်။ ဒါကို ကျွန်တော်တို့က မလျော့ပါဘူး။ နယ်စပ်ကို အားဖြည့်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၈ ဦးအပါအဝင် ကမ္ဘာတလွှားတွင် စုစုပေါင်း သေဆုံးသူ ၉၁၀ ဦးနှင့် ကူး စက်ခံရသူ ၄၀၀၀၀ ကျော်ရှိပြီး ရောဂါကူးစက်ခံရသူများထဲမှ ပျောက်ကင်းသူ ၃၂၈၁ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment

My Blog List