Monday, February 10, 2020

မန္တလေး ကျွဲဆည်ကန် ကားဝင်း ပြောင်းရွေ့ရေးအပေါ် ကားဂိတ်ပိုင်ရှင်များ မကျေနပ်

Image may contain: sky and outdoor
မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ ကျွဲဆည်ကန် အဝေးပြေးယာဉ်ရပ်နားကွင်း အဆင့်မြင့်တင်ရန် ကားဂိတ်များ ပြောင်းရွှေ့ရေးနှင့် ပတ်သတ်ပြီး အဝေးပြေး ကားဂိတ် ပိုင်ရှင်များနှင့် လုပ်ငန်ရှင်များ ကျေနပ်မှု မရှိကြောင်း ယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့ ကားဝင်းအဆင်မြှင့်တင်ဖို့အတွက် ပြောင်းရွေ့ ပေးရမယ်။ နောက် သယ်ယူပို့ဆောင်ရေးဆိုတာ မြေညီထပ်မှာပဲ ရှိသင့်တယ်။ ဖွံဖြိုးတိုးတက်ရေးကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မှာ စာရွက် စာတမ်း အပြည့်ရှိပါတယ်။ ငှားရမ်း သူဖြစ်စေ ၊ မူလပိုင်ရှင်ပဲဖြစ်စေ မိမိတို့ရဲ့ ပိုင်ဆိုင်ခွင့်ကို ကာကွယ်ပိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းလိုအပ်ချက်အရ မြေညီထပ် လိုချင်ပါတယ်'' ဟု ယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ယာယီ ကားဝင်းအား ပြည်ကြီးတံခွန်မြို့နယ် ၊ တံခွန်တိုင်အဝိုင်းအနီးရှိ မြေ ၁၀ ဧကပေါ်တွင် ယာယီကားဝင် တည်ဆောက်ထားပြီး ဂိတ်ခန်းနေရာများကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မဲစနစ်ဖြင့် နေရာချထားပေးသွားမည်ဖြစ်ကြောင်း ယာယီကားဝင်း အတွင်းတွင် ကားအစီးရေ ၄၀ ခန့် တစ်ပြိုင်တည်း အဝင်အထွက် ပြုလုပ်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ထားပြီး ခရီးသည်တင် ဘတ်စ် ကား ၂၀၀ ကျော် ရပ်နားနိုင်မည် ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
အဆိုပါ ဂိတ်ပြောင်းရွေ့ရေးနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က အဝေးပြေးကားဂိတ်များနှင့် လုပ်ငန်းရှင်များက ကျွဲဆည်ကန် ကားဝင်းအတွင်းရှိ လူမှုကူညီရေး အသင်းရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယာယီကားဝင်းအတွင်းတွင် ကားဂိတ်ဝန်ထမ်းများအတွက် သီးသန့်နေရာနှင့် ကုန်ပစ္စည်း လက်ခံရန် နေရာ ၊ ခရီးသည်များအတွက် လုံခြုံ စိတ်ချရသည့် နားနေဆောင်များ မရှိကြောင်း၊ အဆောင်နေရာများ ထပ်မံငှားရမ်းရဖွယ် ရှိကြောင်း ယာယီကားဝင်းသို့ ပြောင်းရွေ့ လိုက်ပြီဆိုပါက အားလုံး အခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း ကားဂိတ် ပိုင်ရှင်တစ်ဦးထံမှ သိရသည်။
ယာဉ်လိုင်းဂိတ်ပိုင်ရှင်များအနေဖြင့် မတ်လ ၄ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေပေးရမည်ဖြစ်ကြောင်း သိရသည်။
ဖိုးလမ်းလျှောက်
Isee Media

No comments:

Post a Comment

My Blog List