Monday, February 10, 2020

ခြေဥပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်ကိုယ်စားလှယ်၏တောင်းဆိုချက် ပြည်ထောင်စုလွှတ်တော်နာယက လက်မခံဘဲ ပယ်ချ

Image may contain: 4 people, text

ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းများအားလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီဝင်အများစု ၏သဘောထားမှတ်ချက်အတိုင်းမလုပ်ဘဲ တပ်နှင့်ကြံ့ခိုင်ရေးတင်ထားသည့်ခြေဥပြင်ဆင်ရေး၅ခုကို သီးခြားစီတင်ပြီးမဲခွဲဆုံးဖြတ်ပေးဖို့ တပ်ကိုယ်စားလှယ်တစ်ဦးက မိုက်တောင်းပြီး မတ်တပ်ရပ်တောင်းဆိုခဲ့သော်လည်း နာယက က လက်မခံဘဲ ပယ်ချလိုက်ကြောင်းသိရသည်။
စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာတင်ပြအပြီး တပ်ကိုယ်စားလှယ်က မတ်တပ်ရပ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက တပ်နှင့်ကြံ့ခိုင်ရေးကိုယ်စားလှယ်တို့ တင်ထားသည့် ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်း ၅ခုကို သီးခြားစီ မဲခွဲဆုံးဖြတ်လိုကြောင်း တင်ပြခဲ့သည်။

နာယကက စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအတိုင်းဆောင်ရွက်မည်ဟု ပြောဆိုသည်။

ထိုသို့ပြောသော်လည်း တပ်ကိုယ်စားလှယ်က သီးခြားစီလုပ်ဆောင်ပေးရန်သာ ဆက်လက်တောင်းဆိုနေဆဲဖြစ်၍ နာယက က မိုက်မပေးတော့ဘဲ နောက် အစီအစဉ်တစ်ခုကို ဆက်လက်လုပ်ဆောင်ကာ တောင်းဆိုချက်ကို လက်မခံဘဲ ပယ်ချခဲ့သည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List